Trending Now

လူကုန္ကူးခံရတဲ့ လိင္ေျပာင္းထိုင္းႏိုင္ငံသား ကို ျမန္မာရဲတပ္ဖြဲ႔ကယ္တင္

Spread the love

လူကုန္ကူးခံရတဲ့လိင္ေျပာင္းထိုင္းႏိုင္ငံသားကိုျမန္မာရဲတပ္ဖြဲ႔ကယ္တင္
 
EPN၊ ဧၿပီ ၁၀
နယ္စပ္ေဒသမွာလူကုန္ကူးခံရတဲ့လိင္ေျပာင္းထားတဲ့ထိုင္းႏိုင္ငံသား()ဦး ကို ကယ္တင္ႏိုင္ခဲ့ေၾကာင္းျမန္မာႏိုင္ငံရဲတပ္ဖြဲ႔က သတင္းထုတ္ျပန္ထားပါတယ္။
 
ထိုင္းရဲတပ္ဖြဲ႔ရဲ႕အကူအညီေတာင္းခံခ်က္အရထိုင္းျမန္မာနယ္စပ္မွာလူကုန္ကူးခံရနိုင္ဖြယ္ရွိတဲ့လိင္ေျပာင္းထိုင္းႏိုင္ငံသားတစ္ဦးကိုလူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ကဧၿပီလ၃ရက္မွာရွာေဖြကယ္တင္ခဲ့တာျဖစ္ပါတယ္။အဆိုပါထိုင္းႏိုင္ငံသားဟာနယ္စပ္႐ွိNight Club တစ္ခုမွာဇန္နဝါရီ၁၁ရက္မွစတင္ကာစားပြဲထိုးအျဖစ္အလုပ္လုပ္ကိုင္ေနရတာျဖစ္ပါတယ္။
 
အလုပ္ရွင္ကေနသူရဲ႕ထိုင္းနိုင္ငံကူးလက္မွတ္ကိုသိမ္းဆည္းထားတာေၾကာင့္ထိုင္းႏိုင္ငံဆီျပန္ခြင့္မရဘဲစားပြဲထိုးအလုပ္ကိုလုပ္ကိုင္ေနရေၾကာင္းစစ္ေဆးေပၚေပါက္ခဲ့ပါတယ္။ကယ္တင္ခဲ့တဲ့ထုိင္းႏုိင္ငံသားကိုမိခင္ႏုိင္ငံဆီျပန္လည္လႊဲေျပာင္းေပးသြားဖြယ္ရွိေနတယ္လို႔သိရပါတယ္
——————————————–
လူကုန်ကူးခံရတဲ့ လိင်ပြောင်းထိုင်းနိုင်ငံသား ကို မြန်မာရဲတပ်ဖွဲ့ကယ်တင်

EPN၊ ဧပြီ ၁၀

နယ်စပ်ဒေသမှာ လူကုန်ကူးခံရတဲ့ လိင်ပြောင်း ထားတဲ့ ထိုင်းနိုင်ငံသား(၁)ဦး ကို ကယ်တင်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ထိုင်းရဲတပ်ဖွဲ့ ရဲ့ အကူအညီတောင်းခံချက် အရ ထိုင်း-မြန်မာနယ်စပ်မှာ လူကုန်ကူးခံရနိုင်ဖွယ် ရှိတဲ့ လိင်ပြောင်း ထိုင်းနိုင်ငံသားတစ်ဦးကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ဧပြီလ၃ရက်မှာ ရှာဖွေကယ်တင်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ ထိုင်းနိုင်ငံသား ဟာ နယ်စပ်ရှိ Night Club တစ်ခုမှာ ဇန်နဝါရီ ၁၁ရက်မှစတင်ကာ စားပွဲထိုးအဖြစ် အလုပ်လုပ်ကိုင်နေရတာဖြစ်ပါတယ်။

အလုပ်ရှင်ကနေ သူရဲ့ ထိုင်းနိုင်ငံကူးလက်မှတ်ကို သိမ်းဆည်းထားတာ ကြောင့် ထိုင်းနိုင်ငံဆီ ပြန်ခွင့် မရဘဲ စားပွဲထိုးအလုပ်ကိုလုပ်ကိုင်နေရကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။ ကယ်တင်ခဲ့တဲ့ ထိုင်းနိုင်ငံသားကို မိခင်နိုင်ငံဆီ ပြန်လည်လွှဲပြောင်းပေးသွားဖွယ်ရှိနေတယ်လို့သိရပါတယ်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။