Trending Now

B-52 ဗုံးကြဲလေယာဉ်တွေ ပါဝင်တဲ့ နျူကလီးယား စစ်ရေးလေ့ကျင့်မှုကို နေတိုး စတင်

Spread the love

B-52 ဗုံးကြဲလေယာဉ်တွေ ပါဝင်တဲ့ နျူကလီးယား စစ်ရေးလေ့ကျင့်မှုကို နေတိုး စတင်

EPN
နိုင်ငံတကာ၊ အောက်တိုဘာ ၁၅

နေတိုးက နစ်စဉ်ပြုလုပ်နေကြဖြစ်တဲ့ နျူကလီးယား စစ်ရေးလေ့ကျင့်မှု “Steadfast Noon” ကို လာမယ့် အောက်တိုဘာ ၁၇ ရက်နေ့မှာ စတင်သွားမယ်လို့ မဟာမိတ်အဖွဲ့က မနေ့က ပြောဆိုခဲ့ပါတယ်။

စစ်ရေးလေ့ကျင့်မှုအတွင်း နျူကလီးယား ဗုံးတွေကို အသုံးပြုလေ့ကျင့်ဖို့အတွက် ဘယ်လ်ဂျီယံ၊ မြောက်ပင်လယ်နဲ့ ဗြိတိန်တို့မှာ အမေရိကန်အခြေစိုက်ထားတဲ့ နေရာတွေမှာ လေယာဉ်စုစုပေါင်း ၆၀ နဲ့ လေ့ကျင့်သွားမှာ ဖြစ်ပါတယ်။

ရုရှားက ယူကရိန်းစစ်ပွဲမှာ ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့လာရတဲ့အတွက် နျူကလီးယား ခြိမ်းခြောက်မှုတွေကို လုပ်ဆောင်နေချိန်မှာ အမေရိကန်က သူ့ရဲ့ နျူးကလီးယား စစ်ရေးလေ့ကျင့်မှုကို ဆက်လက်လုပ်ဆောင်နေတာဖြစ်ပါတယ်။

အမေရိကန်ရဲ့ ”Steadfast Noon” စစ်ရေးလေ့ကျင့်မှုဟာ အောက်တိုဘာလ နောင်းပိုင်းမှာ ပြုလုပ်နေကြဖြစ်တဲ့ ရုရှားရဲ့ “Grom” ဆိုတဲ့ နျူကလီးယား စစ်ရေးလေ့ကျင့်မှုနဲ့ တိုက်ဆိုင်နေပြီး ရုရှားရဲ့ နျူကလီးယား ဗုံးကြဲလေယာဉ်တွေ ၊ ရေငုပ်သင်္ဘောက ဒုံးကျည်စမ်းသပ်နေတဲ့ အချိန်နဲ့ တိုက်ဆိုင်နေဖွယ်ရှိနေပါတယ်။

ဒါပေမယ့် အနောက်နိုင်ငံတွေရဲ့ စစ်ရေးလေ့ကျင့်မှုဟာ ရုရှားနဲ့ တင်မာမှုတွေဖြစ်နေတာကြောင့် လုပ်ဆောင်နေတာ မဟုတ်ဘူးလို့ နေတိုးက ငြင်းဆိုခဲ့ပါတယ်။

“အောက်တိုဘာလ ၃၀ ရက်အထိကျင်းပမယ့် ဒီလေ့ကျင့်ခန်းဟာ ထပ်တလဲလဲလေ့ကျင့်နေတဲ့ ပုံမှန်လှုပ်ရှားမှုတစ်ခုဖြစ်ပြီး လက်ရှိကမ္ဘာ့ဖြစ်ရပ်တွေနဲ့ ဆက်စပ်မှုမရှိပါဘူး” လို့ နေတိုးမဟာမိတ်အဖွဲ့က သူ့ရဲ့ဝဘ်စာမျက်နှာမှာ ကြေညာထားပြီး တိုက်ရိုက်လက်နက်တွေကို အသုံးမပြုဘူးလို့လည်း ဆိုပါတယ်။

ဘယ်လ်ဂျီယမ်က နိုင်ငံပေါင်း ၁၄ နိုင်ငံ နဲ့ လေယာဉ် အစီး ၆၀ အထိ ပါဝင်မယ့် အဆိုပါ စစ်ရေးလေ့ကျင့်မှုအတွင်း ဈေးကွက်တွင် ခေတ်အမီဆုံး တိုက်လေယာဉ်တွေနဲ့ အမေရိကန် B-52 တာဝေးပစ် ဗုံးကြဲလေယာဉ်တွေဟာ မြောက်ဒါကိုတာရှိ Minot လေတပ်စခန်းကနေ စတင် ပျံသန်းသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

— ကိုးကား —
ရိုက်တာ
ref; NATO to kick off nuclear drills involving B-52 bombers on Monday

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။