Trending Now

ဝိုင်းမော် မြိုနယ်အတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများ သတ်မှတ်ဧရိယာပြင်ပသို သွားခြင်းမပြုလုပ်ရန် သက်ဆိုင်ဌာနများက သတိပေးတားမြစ်

Spread the love

ဝိုင်းမော် မြိုနယ်အတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများ သတ်မှတ်ဧရိယာပြင်ပသို သွားခြင်းမပြုလုပ်ရန် သက်ဆိုင်ဌာနများက သတိပေးတားမြစ်

EPN
မြစ်ကြီးနား၊ ဩဂုတ် ၁

မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြိုနယ် အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ သတ်မှတ်ထားသည့် ဧရိယာပြင်ပသို သွားခြင်းမပြုလုပ်ရန် ဝိုင်းမော်မြိုနယ် စီမံအုပ်ချုပ်ရေးဌာနမှ သက်ဆိုင်ရာ ဌာနအသီးသီးသို ညွှန်ကြားထားကြောင်း သိရသည်။

ဝိုင်းမော်မြိုနယ်မှ ရွှေညောင်ပင်၊ နန်ဆန်ယန်၊ ဗန်းမော် စသည့် မြိုနယ်များသို ကားဆိုင်ကယ်များဖြင့် သွားလာခြင်း မပြုလုပ်ကြရန် ပြီးခဲ့သည့်ရက်ပိုင်းက သက်ဆိုင်ရာ ဌာနအသီးသီးသို သတိပေး ညွှန်ကြားထားကြောင်း ဝန်ထမ်းတစ်ဦးကရှင်းပြသည်။

” တိုက်ပွဲတွေ ဖြစ်နေတဲ့ ကံပိုင်တည်လမ်းဘက်တွေ၊ ရွှေညောင်ပင် ဘက်ခြမ်းတွေကို မသွားကြဖို နှုတ်နဲ့ သတိပေးတားမြစ်ထားတယ်။ အခုချိန်က တိုက်ပွဲတွေ ဖြစ်နေတဲ့ ကာလဆိုတော့ မြေပြင်ကွင်းဆင်းလုပ်ငန်းတွေကို ခေတ္တရပ်ထားတယ် ” ဟု အမည်မဖော်လိုသူ ဝိုင်းမော်မြိုနယ် ဝန်ထမ်းတစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် တပ်မတော်နှင့် KIA လက်နက်ကိုင်အဖွဲသည် ကံပိုင်တည် လမ်းနှင့် မြစ်ကြီးနား – ဗန်းမော်သွား လမ်းတိုတွင် ဇူလိုင်လ ၃ ရက်နေ့ကစ၍ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ယင်းတိုက်ပွဲများကြောင့် ခရီးသွားပြည်သူများ အနေဖြင့် မြစ်ကြီးနား – ဗန်းမော် ကားလမ်းပိုင်းအား အသုံးမပြုကြပဲ ကသာ၊ ထီးချိုင့်ဘက္မှ လည်းကောင်း၊ ရေလမ်းခရီးမှ လည်းကောင်း သွားလာခြင်းအား ဇူလိုက်လ အတွင်းကစ၍ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ လမ်းများမှ သွားလာခြင်းကြောင့် ခရီးစရိတ် ပိုမိုကုန်ကျခြင်း၊ အချိန်ကြန့်ကြာ ခြင်းများ ရှိနေကြောင်း သိရသည်။

၎င်းအပြင် သက်ဆိုင်ရာမြိုနယ်များမှဝန်ထမ်းများအနေဖြင့်လည်း ဌာနပြောင်းရွှေ့ခြင်း၊ ရာထူးတိုးသင်တန်းတက်ရန် သွားလာခြင်းတိုအား လေကြောင်းလမ်းမှ ငွေကုန်ကြေးကျခံ၍ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် သွားလာနေကြောင်း သိရသည်။

အဆိုပါ ခက်ခဲနေရခြင်းသည် တပ်မတော်နှင့် KIAလက်နက်ကိုင်အဖွဲတို၏ စစ်ရေးတင်းမာမှုများကြောင့်ဖြစ်ပြီး တိုက်ပွဲဖြစ်ပွားနေသည့် နေရာ ဒေသတိုတွင်လည်း ဒေသခံများ တိုက်ပွဲဘေးလွတ်ရာသို ပြန်လည်ရွှေ့ပြောင်းနေရကြောင်း သိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။