Trending Now

အသက် ၁၁ နှစ်အရွယ် ကမ္ဘောဒီးယားမိန်းကလေး တစ်ဦး H5N1 ကြက်ငှက်တုပ်ကွေးရောဂါဖြင့် သေဆုံး

Spread the love

အသက် ၁၁ နှစ်အရွယ် ကမ္ဘောဒီးယားမိန်းကလေး တစ်ဦး H5N1 ကြက်ငှက်တုပ်ကွေးရောဂါဖြင့် သေဆုံး

EPN
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၃

ကမ္ဘောဒီးယားနိုင်ငံ အရှေ့တောင်ပိုင်း Prey Veng ပြည်နယ်မှ အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး H5N1 ကြက်ငှက်တုပ်ကွေးရောဂါဖြင့် သေဆုံးသွားခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ကူးစက်ရောဂါထိန်းချုပ်ရေးဌာနက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

အဆိုပါမိန်းကလေးသည် ဖေဖော်ဝါရီ ၁၆ ရက်က အပူချိန် ၃၉ ဒီဂရီစင်တီဂရိတ် မြင့်တက်ကာ ချောင်းဆိုး လည်ချောင်းနာသည့် လက္ခဏာများဖြင့် ဖျားနာခဲ့ကြောင်း အဆိုပါဌာနက သတင်းထုတ်ပြန်သည်။

ဒေသန္တရကျန်းမာရေးဝန်ဆောင်မှုကို ဦးစွာရှာဖွေခဲ့သော်လည်း သူမ၏အခြေအနေမှာ ပိုမိုဆိုးရွားလာပြီး အသက်ရှုမြန်သဖြင့် ဖနွမ်းပင်ရှိ အမျိုးသားကလေးအထူးကုဆေးရုံကြီးသို့ လွှဲပြောင်းပေးခဲ့ရကြောင်း ၎င်းကဆိုသည်။

ဖေဖော်ဝါရီ ၂၁ ရက်မှာ ဆရာဝန်က အမျိုးသားကျန်းမာရေးအင်စတီကျုမှာ ရောဂါရှာဖွေရန်အတွက် သူမကို စစ်ဆေးမှုပြုလုပ်ခဲ့ပြီး ရလဒ်များအရ H5N1 ကြက်ငှက် တုပ်ကွေးရောဂါပိုး တွေ့ရှိခဲ့ပြီးနောက် မိန်းကလေး သေဆုံးသွားခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါသတင်းထုတ်ပြန်ချက်တွင် ဖျားနာနေသောကြက်သေများကို မထိမိစေရန်နှင့် ဗိုင်းရပ်စ်ကူးစက်ခံထားရသည်ဟု သံသယရှိပါက ဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးရန် အရေးပေါ် hotline ခေါ်ဆိုသင့်သည်ဟု ဆိုသည်။

H5N1 ကြက်ငှက်တုပ်ကွေးရောဂါကူးစက်ခံရပါက ပြင်းထန်သည့် ရောဂါဖြစ်စေနိုင်သည့်အပြင် ကမ္ဘာလုံးဆိုင်ရာ ကြက်ငှက်တုပ်ကွေးရောဂါ H5N1 ဖြစ်ပွားမှု ဆိုးရွားနေခြင်းကြောင့် နိုင်ငံတော်တော်များများမှာ ကာကွယ်ဆေးထိုးဖို့ စဉ်းစားနေကြသည်ဟု ဆိုသည်။

Ref; 11-year-old Girl in Prey Veng Died of H5N1 Bird Flu

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။