Trending Now

ဦးနု ဒေါ်မြရီ ဖောင်ဒေးရှင်းနှင့် အိန္ဒိယနိုင်ငံရှိ BMVSS jaipur foot တို့ပူးပေါင်း၍ မသန်စွမ်းသူများအား ခြေတုလက်တု အခမဲ့တပ်ဆင်ပေးမည်

Spread the love

ဦးနု ဒေါ်မြရီ ဖောင်ဒေးရှင်းနှင့် အိန္ဒိယနိုင်ငံရှိ BMVSS jaipur foot တို့ပူးပေါင်း၍ မသန်စွမ်းသူများအား ခြေတုလက်တု အခမဲ့တပ်ဆင်ပေးမည်

EPN
ရန်ကုန်၊ မတ် ၂၁

တတိယအကြိမ်မြောက် ဦးနု ဒေါ်မြရီ ဖောင်ဒေးရှင်းနှင့် အိန္ဒိယနိုင်ငံရှိ BMVSS jaipur foot တို့ပူးပေါင်း၍ ခြေတုလက်တု အခမဲ့တပ်ဆင်ပေးမည့်စခန်း ဖွင့်ပွဲအခမ်းအနားအား ရန်ကုန်မြို့ ဒဂုံ(တောင်)မြို့နယ်ရှိ ပိဋကတ်သုံးပုံနိကာယ်စာသင်တိုက်တွင် ယနေ့ နံနက်ပိုင်းအချိန်က ဖွင့်လှစ်ခဲ့သည်။


အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Saurabh Kumar မြန်မာနိုင်ငံ ဆေးသုတေသနဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းနှင့် ဦးနု ဒေါ်မြရီ ဖောင်ဒေးရှင်း ဥက္ကဌ ဒေါ်သန်းသန်းနုတို့က တက်ရောက်ခဲ့ကြသည်။

အိန္ဒိယ-မြန်မာ ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်၏ လူသားချင်းစာနာထောက်ထားမှု စီမံကိန်းအရ မြန်မာနိုင်ငံရှိ မသန်စွမ်း ၂၅၀ ဦးအား အခမဲ့ ခြေတုလက်တုများ တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

BMVSS Jaipur India နှင့် ဦးနု ဒေါ်မြရီ ဖောင်းဒေးရှင်းတို့ ပူးပေါင်း၍ (၂၁) ရက်ကြာမည့် တတိယအကြိမ်မြောက် jaipur foot ခြေတုလက်တု တပ်ဆင်သော စခန်းအား ရန်ကုန်မြို့ရှိ ပိဋကတ်သုံးပုံနိကာယ်စာသင်တိုက်တွင် မတ် ၂၁ ရက်မှ ဧပြီ ၁၀ ရက်အထိ မသန်စွမ်းသူများအား ခြေတုလက်တု ၂၅၀ ဦး တပ်ဆင်ပေးမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီနှင့် မတ်လအတွင်း ပထမအကြိမ် ခြေတုလက်တုပေါင်း ၃၃၁ ဦးအား တပ်ဆင်ပေးခဲ့ပြီး ၂၀၁၈ ခုနှစ် ဇူလိုင်နှင့် သြဂုတ်လအတွင်း ဒုတိယအကြိမ်မြောက် ခြေတုလက်တုတပ်ဆင်သည့် စခန်းအားဖွင့်လှစ်၍ မသန်စွမ်း ၅၄၆ ဦးအား အခမဲ့ တပ်ဆင်ပေးခဲ့သည်။

ကိုနေ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။