Trending Now

ဒုံးကျည်တန်ပြန်တိုက်ခိုက်ရေးအတွက် ဒေါ်လာ ၃၇ ဘီလျံသုံးစွဲဖို ဂျပန်အစိုးရ စဉ်းစားနေ

Spread the love

ဒုံးကျည်တန်ပြန်တိုက်ခိုက်ရေးအတွက် ဒေါ်လာ ၃၇ ဘီလျံသုံးစွဲဖို ဂျပန်အစိုးရ စဉ်းစားနေ

EPN
နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၀

ရန်သူ့ဒုံးကျည်တွေကို တန်ပြန်တိုက်ခိုက်နိုင်ဖိုအတွက် အဆင့်မြင့်ဒုံးကျည်တွေထုတ်လုပ်ဖို လာမယ့်ငါးနှစ် အ တွင်း ယန်းငွေ ၅ ထရီလီယံ (ဒေါ်လာ ၃၇ ဘီလျံ) သုံးစွဲသွားဖို ဂျပန်အစိုးရက စဉ်းစားတွက်ချက်နေပါတယ်။

အဲဒီဘတ်ဂျက်ထဲက ယန်းငွေ ၁ ထရီလီယံ (ဒေါ်လာ ၇.၃၃ ဘီလျံ) ကို ပြည်တွင်းထုတ် Type-12 မြေပြင်-သင်္ဘောပစ် ပဲ့ထိန်းဒုံးကျည်တွေရဲ့ ပစ်ခတ်နိုင်တဲ့အကွာအဝေးကို ၁၂၅ မိုင် (ကီလိုမီတာ ၂၀၀) ကနေ မိုင် ၇၅၀ (၁၂၀၇ ကီလိုမီတာ) အထိ မြှင့်တင်ဖို ဆောင်ရွက်ရာမှာ အသုံးပြုသွားမှာဖြစ်ပါတယ်။

အဲဒီဒုံးကျည်တွေကို ဝေဟင်ကရော သင်္ဘောပေါ်ကပါ ပစ်ခတ်နိုင်အောင်လို အဆင့်မြှင့်ပြုပြင်ပြောင်းလဲ ထုတ် လုပ်သွားမှာဖြစ်တယ်လို Kyodo သတင်းဌာနက ရေးသားထားပါတယ်။

ဒါ့အပြင် ဂျပန်နိုင်ငံအနောက်တောင်ပိုင်း နယ်စပ်ဒေသကကျွန်းတွေကာကွယ်ရေးအတွက် “မြန်နှုန်းမြင့် လက် နက်တွေ” နဲ့ ဟိုက်ပါဆောနစ်ဒုံးကျည်တွေ ထုတ်လုပ်ဖိုအတွက်ကိုလည်း ယန်းငွေ ၈၀၀ ဘီလျံ (ဒေါ်လာ ၅.၈၆ ဘီလျံ) ကို သုံးစွဲသွားမှာဖြစ်တယ်လို ဆိုပါတယ်။

အဲဒီအစီအစဉ်ထဲမှာ ရေအောက်မှာသုံးစွဲမယ့်လက်နက်တွေ၊ တန်ပြန်တိုက်ခိုက်ရေးလက်နက်တွေအပါအဝင် ဒ ရုန်းအမျိုးမျိုးထုတ်လုပ်ဖိုလည်းပါဝင်တယ်လိုဆိုပါတယ်။

ဂျပန်အစိုးရဟာ Type-12 ဒုံးကျည်တွေ ပစ်ခတ်နိုင်တဲ့အကွာအဝေး မြှင့်တင်လိုမပြီးသေးခင်အထိ အမေရိကန် နိုင်ငံက တိုမာဟော့ခရုစ်ဒုံးကျည် အစင်း ၅၀၀ ဝယ်ယူဖိုလည်း စဉ်းစားနေပါတယ်။

ဂျပန်ဝန်ကြီးချုပ်ဖူမီယိုကီရှီဒါက လာမယ့်ငါးနှစ်အတွက် ကာကွယ်ရေးဘတ်ဂျက်ကို ဒေါ်လာ ၃၁၈ ဘီလျံအထိ သုံးစွဲနိုင်မယ့် ၅၆ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားဖို ကာကွယ်ရေးဝန်ကြီးကို ညွှန်ကြားလိုက်ပြီး နောက်မကြာခင်မှာ ပဲ အခုအစီအစဉ်ထွက်ပေါ်လာတာဖြစ်ပါတယ်။

ဂျပန်အာဏာရပါတီဟာ ဂျပန်နိုင်ငံ GDP ရဲ့ နှစ်ရာခိုင်နှုန်းနီးပါးဖြစ်တဲ့ ကာကွယ်ရေးအသုံးစရိတ်ကို နှစ်ဆတိုး မြှင့်သုံးစွဲဖို ရေရှည်အစီအစဉ်ချမှတ်နေပါတယ်။ ဂျပန်နိုင်ငံဟာ လက်ရှိအချိန်မှာ ကာကွယ်ရေးအသုံးစရိတ်ကို GDP ရဲ့ တစ်ရာခိုင်နှုန်းကိုသာ သုံးစွဲနေတာဖြစ်ပါတယ်။

Ref: Japan Considers Spending $37B on ‘Counterstrike Capability’: Report

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။