Trending Now

ဟင်္သာတမြို့နယ်တွင် ဘင်္ဂါလီ အမျိုးသမီး ၃ဦး အပါအဝင် ၃၉ ဦးဖမ်းမိ

Spread the love

ဟင်္သာတမြို့နယ်တွင် ဘင်္ဂါလီ အမျိုးသမီး ၃ဦး အပါအဝင် ၃၉ ဦးဖမ်းမိ

EPN
ဧရာဝတီ၊ ဇန်နဝါရီ ၃

ဧရာ၀တီတိုင်း၊ ဟင်္သာတမြို့နယ်၊ လယ်တီကွင်းမြို့၊ လယ်တီကွင်း စစ်ဆေး ရေးဂိတ်တွင် ဇန်နဝါရီ ၂ ရက် မနက်ပိုင်းက ဘင်္ဂါလီ အမျိုးသမီး ၃ ဦးအပါအဝင် ၃၉ ဦးဖမ်းမိခဲ့ကြောင်း သက်ဆိုင်ရာမှ သိရသည်။

အဆိုပါ အမျိုးသမီး ၃ ဦးအပါအဝင် ဘင်္ဂါလီ ၃၉ ဦးသည် ကျောက်သည်ကားဖြင့် ဟင်္သာတမြို့နယ်၊ လယ်တီကွင်း မြို့သို့ ဝင်လာစဉ် သက်ဆိုင်ရာက ရပ်တန့် စစ်ဆေးဖမ်း ဆီးခဲ့ခြင်းဖြစ်ပြီး ဘင်္ဂါလီများကိုတင်ဆောင်မောင်းလာသည့် ယာဉ်မောင်း အမျိုးသားတစ်ဦးမှ ယာဉ်ပေါ်ကခုန်ချ ထွက်ပြေးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦး ကပြောသည်။

”ဖမ်းမိတဲ့ ဘင်္ဂါလီ ၃၉ ယောက်ထဲမှာ အမျိုးသမီး ၃ ယောက်ပါတယ် ၊ ကျန်တာက အမျိုးသားတွေပါ၊ အခု ရဲစခန်းမှာ ဖမ်းဆီးထားပါတယ်၊ လုပ်ထုံး လုပ်နည်းတွေနဲ့ အညီ စစ်ဆေးနေတယ် ၊ ဖမ်းမိတဲ့ ဘင်္ဂါလီတွေက ရန်ကုန် ဘက်သွားမလို့ ထွက်လာတာတဲ့။”ဟု ၎င်းကဆက် ပြောသည်။

အဆိုပါ ဖမ်းမိသည့် ဘင်္ဂါလီ ၃၉ ဦးသည် ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့သို့ ထွက်လာခြင်းပြီး ရန်ကုန်မှတစ်ဆင့် မလေး ရှားနိုင်ငံကို သွားရန်ဖြစ်ပြီး ၎င်းတို့ကိုလက်ရှိဟင်္သာတမြို့မ ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ၊ ဒီဇင်ဘာ ၂၁ ရက်ကလည်း ဘိုကလေးမြို့နယ်ကို စက်လှေဖြင့်ဝင်လာသည့် ဘင်္ဂါလီ ကလေး ၁၂ ဦးနှင့် အမျိုးသမီး ၄၃ ဦးအပါအဝင်စုစုပေါင်း ဘင်္ဂါလီ ၁၁၂ ဦးကို ဘိုကလေးမြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီး ရမိခဲ့သေးကြောင်း သိရသည်။

သူရ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။