Trending Now

ဒိန်းမတ်နဲ့ နယ်သာလန်က F-16 တိုက်လေယာဉ်တွေ ယူကရိန်းကို စေလွတ်ဖို့ အမေရိကန် အတည်ပြု

Spread the love

ဒိန်းမတ်နဲ့ နယ်သာလန်က F-16 တိုက်လေယာဉ်တွေ ယူကရိန်းကို စေလွတ်ဖို့ အမေရိကန် အတည်ပြု

EPN
နိုင်ငံကတာ၊ သြဂုတ် ၁၈

ယူကရိန်းလေယာဉ်မှူးတွေ လေ့ကျင့်မှုပြီးဆုံးတာနဲ့ ဒိန်းမတ်နဲ့ နယ်သာလန်က F-16 တိုက်လေယာဉ်တွေ ယူကရိန်းနိုင်ငံကို စေလွတ်ဖို့ အတည်ပြုလိုက်ကြောင်း အမေရိကန်အရာရှိတစ်ဦးက သြဂုတ်လ ၁၇ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ယူကရိန်းနိုင်ငံဟာ စစ်ပွဲအတွင်း ရုရှားနိုင်ငံရဲ့ သာလွန်တဲ့ လေကြောင်းရန်တွေကို တုံ့ပြန်နိုင်ဖို့အတွက် အမေရိကန်လုပ် F-16 တိုက်လေယာဉ်တွေကို ကာလရှည်ကြာတောင်းဆိုနေခဲ့တာဖြစ်ပါတယ်။

လေယာဉ်မှူးတွေ လေ့ကျင့်နေချိန်မှာ ယူကရိန်းကို F-16 တိုက်လေယာဉ်တွေ လွှဲပြောင်းပေးအပ်ဖို့ လိုအပ်တဲ့ တောင်းဆိုမှုအားလုံးကို နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်းကင်က အမြန်ခွင့်ပြုပေးမယ်လို့ အမေရိကန်က ဒိန်းမတ်နဲ့ နယ်သာလန်တို့ကို အာမခံထားပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က ယူကရိန်းလေယာဉ်မှူးတွေကို F-16 တိုက်လေယာဉ်တွေနဲ့ လေ့ကျင့်ပေးမယ့်အစီအစဉ်ကို ပြီးခဲ့တဲ့ မေလအတွင်းမှာ ထောက်ခံခဲ့ပေမယ့် စစ်လေယာဉ်တွေ ထောက်ပံ့ပေးမယ့် အချိန်ကိုတော့ အခုအချိန်အထိ ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါဘူး။

Ref; CNA

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။