Trending Now

မြစ်ကြီးနားမြို့၌ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲပြုလုပ်

Spread the love

မြစ်ကြီးနားမြို့၌ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲပြုလုပ်

EPN
မြစ်ကြီးနား၊ မတ် ၂၅ (၂၀၂၄)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံးနှင့် ကချင်ပြည်နယ်ပညာရေးမှူးရုံးတို့ ပူးပေါင်း၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း အေးမြသီတာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ပြည်နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးခင်မောင်ထွေးက အဖွင့်အမှာစကားပြောကြားပြီး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ဦးလင်းဝေအောင်က အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊ အဂတိလိုက်စားမှုအဓိပွာယ်နှင့် ကိုယ်ကျိုးရှာနေမှုများ၊ ရုံးဌာန၏ လုပ်ငန်းနှင့် ပတ်သက်၍ ကိုယ်ကျိုးစီးပွားရှာမှုများ၊ ဥပဒေ လုပ်ထုံးလုပ်နည်းနှင့် မညီညွတ်ပဲ ကျော်လွန်ဆောင်ရွက်ချက်များ၊ ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုတွင် အလွဲပြုလုပ်နေမှုများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများတွင် အဂတိလိုက်စားမှု ဖြစ်ပေါ်ရခြင်း အခြေခံ အကြောင်းအရင်းများအား ပရိုဂျက်တာဖြင့် ရှင်းလင်းဆွေးနွေးခဲ့ကာ အဂတိပြုကျင့်ခြင်းဆိုင်ရာ ဗီဒီယိုကလစ်များအား ဖွင့်လှစ်ပြသ၍ အဂတိလိုက်စားမှုဖြစ်စဉ်ဖြစ်ရပ်များနှင့် အမှုဖွင့်လှစ် အရေးယူ ဆောက်ရွက်ခဲ့မှုများအား ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသည့် ဆရာ/ ဆရာမများက ဆွေးနွေးချက်များနှင့် ပတ်သက်၍ သိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဖြေကြားခဲ့ပြီး၊ အဆိုပါ အခမ်းအနားသို့ မြစ်ကြီးနားခရိုင်အတွင်းရှိ ဆရာ/ ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇာလီ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။