Trending Now

တရုတ်နိုင်ငံတောင်ပိုင်းမှာ အရက်မှုးနေတဲ့ ကားသမားတစ်ဦးက ရဲအရာရှိသုံးဦးကို ဓားနဲ့ ထိုးသတ်မှုဖြစ်ပွား

Spread the love

တရုတ်နိုင်ငံတောင်ပိုင်းမှာ အရက်မှုးနေတဲ့ ကားသမားတစ်ဦးက ရဲအရာရှိသုံးဦးကို ဓားနဲ့ ထိုးသတ်မှုဖြစ်ပွား

EPN
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၀

တရုတ်နိုင်ငံတောင်ပိုင်း ကျန်းရှီးပြည်နယ်မှာ အရက်မှုးနေတဲ့ ကားသမားတစ်ဦးက ရဲအရာရှိသုံးဦးကို ဓားနဲ့ ထိုးသတ်ခဲ့တဲ့ ဖြစ်စဉ်တစ်ခု သောကြာနေ့က ဖြစ်ပွားခဲ့တယ်လို့ အေပီသတင်းက ဖော်ပြထားပါတယ်။

ဟွမ်မျိုးရိုးအမည်ရှိတဲ့ ကားသမားဟာ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရပြီးနောက် ဓားတစ်ချောင်းသွား ရောက်ယူဆောင်ကာ ရဲစခန်းထဲမှာရှိတဲ့ ရဲအရာရှိသုံးဦးကို ထိုးသတ်ခဲ့တာလို့ ဆိုပါတယ်။

ရှန်ဂလီ ကောင်တီက ထုတ်ပြန်ချက်မှာ ကားသမားက ဘာလို့ အချုပ်ခန်းထဲ မဝင်ခဲ့ရသလဲဆိုတာနဲ့ ဓားကို ဘယ်နေရာကသွားယူလာသလဲဆိုတာ မဖော်ပြထားပါဘူး။

လက်ရှိအချိန်မှာ ကားသမားကို ဖမ်းဆီးထိန်းသိမ်းထားပြီး ဥပဒေအရ ပြင်းထန်စွာ အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံမှာ ကိုယ်ပိုင်သေနတ်ပိုင်ဆိုင်ခွင့်ကို တားမြစ်ထားသလို ရဲတွေက ကျယ်ပြန်တဲ့ အခွင့်အာဏာရှိနေတဲ့အတွက် တရုတ်နိုင်ငံမှာ အခုလို အကြမ်းဖက် ရာဇဝတ်မှုဖြစ်စဉ်တွေဟာ အတော်ရှားပါတယ်။

အထူးသဖြင့် ဓားနဲ့ထိုးတဲ့ဖြစ်စဉ်တွေဟာ စိတ်ကျန်းမာရေး ပြဿနာ ရှိသူတွေကြားမှာ အဖြစ်များပြီး ဝေလံခေါင်သီးတဲ့ ဒေသက ရဲတွေဟာ လက်နက်ကိုင်ဆောင်မှုနဲ့ လေ့ကျင့်သင်ကြားမှုနည်းပါးတာကြောင့် အခုလိုဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

Ref; Drunk driver stabs 3 police to death in southern China

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။