Trending Now

ဧရာဝတီမြစ်အတွင်း အမျိုးသားတစ်ဦး သေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးနေ

Spread the love

ဧရာဝတီမြစ်အတွင်း အမျိုးသားတစ်ဦး သေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးနေ

EPN
မြစ်ကြီးနား ၊ဧပြီ ၅

ကချင်ပြည်နယ် ၊မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် လုံဂါဘာ စားသောက်ဆိုင်အနီး ဧရာဝတီမြစ်ကမ်းဘေးတွင် ဧပြီ ၄ရက်နေ့ နေ့လည်၁နာရီအချိန်ခန့်တွင် အမည်မသိအမျိုးသားတစ်ဦး သေဆုံးနေသည့်ကိစ္စနှင့်ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးချင်းဟုတ်မဟုတ် သက်ဆိုင်ရာ နယ်မြေရဲစခန်းမှ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဧပြီလ ၄ရက်နေ့တွင် စီတာပူရပ်ကွက် လုံဂါဘာ စားသောက်ဆိုင်အနီး ဧရာဝတီမြစ်ကမ်းဘေးတွင် အမျိုးသားတစ်ဦး သေဆုံးနေကြောင်း ရပ်ကျေးတာဝန်ရှိသူများမှ ဖုန်းဆက်အကြောင်းကြားလာခြင်းကြောင့် သွားရောက် စစ်ဆေးခဲ့ရာမှ အဆိုပါ သေဆုံးသူကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

သေဆုံးနေသည့် အမျိုးသားမှာ အသက်၃၀ကျော်ခန့် ရှိပြီး ဧရာဝတီမြစ်ကမ်းဘေးတွင် ပုတ်ပွလျက်ရှိပြီး ၎င်း၏ခန္ဓာကိုယ်တွင် ပြင်ပဒဏ်ရာမတွေရှိရဘဲ ဘောင်ဘီအတိုဝတ်လျက် မှောက်လျက်အနေထားဖြင့် တွေ့ရှိရပြီး အဆိုပါအလောင်းအား မှုခင်းဆေးစာများဖြင့် မြစ်ကြီးနားဆေးရုံကြီးသို့ နေ့လည် ၂နာရီအချိန်က ပို့ဆောင်ခဲ့ကြောင်းသိရသည်။

အမည်မသိသေဆုံးခဲ့သည့် အမျိုးသားအလောင်းအား မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးမှ မှုခင်းစစ်ဆရာဝန်ကြီးမှ (pR-17)ဖြင့် လက်ခံစစ်ဆေးလျက်ရှိပြီး ဓမ္မာတာအတိုင်းသေဆုံးခြင်းဟုတ်မဟုတ်ကို သေမှုသေခင်း (၂/၂၀၂၂)ဖြင့် ဆောင်ရွက်ထားကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။