Trending Now

2019 ခုနှစ်တွင် မြစ်ကြီးနားခရိုင်အတွင်းမှ သစ် တန်ချိန် တစ်ထောင်ကျော် အရေးယူနိုင်ခဲ့

Spread the love

2019 ခုနှစ်တွင် မြစ်ကြီးနားခရိုင်အတွင်းမှ သစ် တန်ချိန် တစ်ထောင်ကျော် အရေးယူနိုင်ခဲ့

 

EPN
မြစ်ကြီးနား၊ မေ ၁၄

ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်အတွင်းမှ ယမန်နှစ် ၂၀၁၉ ခုနှစ်က တရားမဝင်သစ် တန်ချိန် ၁၈၈၇ ကျော် ကို ဖမ်းဆီးမိခဲ့ကြောင်း မြစ်ကြီးနခရိုင် သစ်တောဦးစီးဌာနရုံးမှသိရသည်။

ယင်း ဖမ်းဆီးရရှိမှုသစ်များထဲတွင် တပ်မတော်မှ ဖမ်းဆီးရမိခဲ့သည့် သစ်တန်ချိန်ပေါင်း ၆၃ တန်ကျော်၊ ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့သည့် သစ်တန်ချိန်ပေါင်း ၃ တန်ကျော်၊ သစ်တောဦးစီးဌာနမှ ဖမ်းဆီးရမိခဲ့သည့် သစ်တန်ချိန်ပေါင်း ၁၈၁၉တန်ကျော် ဖမ်းဆီးပေးနိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဖမ်းဆီးနိုင်ခဲ့သည့်သစ်များမှာ ကျွန်းသစ် ၄၆တန်ကျော်၊ သစ်မာ ၃တန်ကျော် နှင့် အခြားသစ် ၁၀၀၀ တန်ကျော်တို့ဖြစ်ပြီး အများဆုံး ဖမ်းဆီးရမိသည့်မြို့နယ်မှာ မြစ်ကြီးနားမြို့နယ် အတွင်းမှ ဖြစ်ကြောင်း ယင်းရုံး၏ အချက်အလက်အရ သိရသည်။

အဆိုပါ ဖမ်းဆီးရမိခဲ့သည့်သစ်များကို အစိုးရ၏ လမ်းညွှန်ချက်ဖြင့် ဒေသဖွံ့ဖြိုးရေးတွင် အသုံးပြု ခြင်း ၊ မြန်မာ့သစ်လုပ်ငန်း အဖွဲထံ လွဲပြောင်းပေးအပ်ခြင်း နှင့် ပိုလျှံသည့် သစ် များကို တစ်နှစ်တစ်ခါ လေလံတင်ရောင်းချ ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဝေယံ
ပုံ။ မိုးညှင်းမြို့နယ်အတွင်း ဖမ်းဆီးနေသည့် မြင် ကွင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။