Trending Now

မြန်အောင်မြို့နယ်တွင် အစ်ကိုအရင်းမှ အသက် ၂၂ နှစ် အရွယ်ညီမကို ဓားဖြင့် ခုတ်သတ်မှု ဖြစ်ပွား

Spread the love

မြန်အောင်မြို့နယ်တွင် အစ်ကိုအရင်းမှ အသက် ၂၂ နှစ် အရွယ်ညီမကို ဓားဖြင့် ခုတ်သတ်မှု ဖြစ်ပွား
EPN
ဧရာဝတီ၊ ဇန်နဝါရီ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင် မြို့နယ်တွင် စကားများ ရန်ဖြစ်ကာ အစ်ကိုအရင်းမှ အသက် ၂၂ နှစ်အရွယ် ညီမကို ဓားဖြင့် ခုတ်သတ်သည့် ဖြစ်စဉ်တစ်ခု ယနေ့ ဇန်နဝါရီ ၁၈ ရက်၊ နေ့လယ် ၁၂ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း မြန်အောင်မြို့နယ် ရဲတပ်ဖွဲ့မှ သိရသည်။
ဓားဖြင့် ခုတ်သတ်ခံရသဖြင့် သေဆုံးသွားသူသည် မြန်အောင်မြို့နယ်၊ ရှားတောအုပ်စု၊ အမှတ် (၃) ရပ်ကွက်တွင် နေထိုင်သည့် အသက် ၂၂ နှစ်အရွယ် မအေးဝတ်ရည်
ဖြစ်ပြီး ဓားဖြင့် ခုတ်သတ်သူသည် တစ်အိမ်တည်းနေ အစ်ကိုဖြစ်သူ ဝင်းနိုင်ဦး(ခ) ဝင်းလှိုင်ဦးဖြစ်သည်ဟု သိရသည်။
ဖြစ်စဉ်မှာ အရက်သောက်ထားသည့် အစ်ကို ဝင်းနိုင်ဦးကို ညီမအေးဝတ်ရည်မှ ကိုယ့်ထမင်း ကိုယ်စားတာ၊ ကိုယ့်စီးပွားရေး ကိုယ်လုပ်နေတာဟု ပြောဆိုနေစဉ် နင်ဘယ်သူပြောတာလည်းဟုဆိုကာ အစ်ကိုဖြစ်သည့် ဝင်းနိုင်ဦး (ခ)ဝင်းလှိုင်ဦးသည် ၎င်းလက်တွင်ရွာထဲကို လက်သမား လုပ်ငန်းသွားလုပ်ရန် ကိုင်ထားသည့် အရိုး ၉ လက်မခန့်၊ အသွား ၁၁ လက်မခန့်၊ အရိုးအသွား ၂၀ လက်မခန့်ရှိသည့် ထင်းခုတ်ဓားမဖြင့် မအေးဝတ်ရည် အသက် ၂၂ နှစ်ကို လယ်ဂုတ်ကို ခုတ်လိုက်ခြင်းဖြစ်ပြီး အခင်းဖြစ်နေရာတွင် လဲကျသွားပြီး ရရှိသည့်ဒဏ်ရာများဖြင့် သေဆုံးသွားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့တာဝန်ရှိသူ
တစ်ဦး က ပြောသည်။
”မိသားစုကို စစ်တာတော့ စကားများနေတုန်း အရက်မူးနေတဲ့အစ်ကိုက ခုတ်လိုက်တာလို့ ပြောတယ်၊ အစ်ကိုအရင်းက ခုတ်တာပါ၊ ကောင်းမလေးက အခင်းဖြစ်တဲ့ နေရာမှာပဲ သေဆုံးသွားတယ်၊ ကောင်မလေးက အသက်က ၂၂ နှစ်ပဲရှိသေးတယ်၊ ဓားနဲ့ခုတ်သွားတဲ့ အစ်ကိုဖြစ်သူက ထွက်ပြေးသွားတာပါ၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက လိုက်ဖမ်းခဲ့တယ်၊ ယ‌င်းနေ့ ညနေပိုင်းမှာ အမှတ်(၃)ရပ်၊ ဧရာဝတီ မြစ်ကမ်းဘေးက ကိုင်းတောအတွင်းမှာ ခုတ်ခဲ့တဲ့ ထင်းခုတ် ဓားမနဲ့ အတူ ပြန်လည်ဖမ်းဆီးရမိခဲ့တယ်။”ဟု ၎င်းက ဆက်လက်ပြောသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ အသက် ၂၂ နှစ်အရွယ်၊ မအေးဝတ်ရည်ကို သေဆုံးသည်အထိ ထင်းခုတ်ဓားမဖြင့် ခုတ်သတ်ခဲ့သည့် အစ်ဖြစ်သူ ဝင်းနိုင်ဦး(ခ) ဝင်းလှိုင်ဦးကို မြန်အောင် မြို့မရဲစခန်းက (ပ) အမှတ် ၄/၂၀၂၃ ရာဇသတ် ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
သူရ
May be an image of 1 person

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။