Trending Now

ဝိုင်းမော်မြို့တွင် ဇုံနယ်လချိဒ်လူငယ်ဖူဆယ် ဘော်လုံးပြိုင်ပွဲကျင်းပ

Spread the love

ဝိုင်းမော်မြို့တွင် ဇုံနယ်လချိဒ်လူငယ်ဖူဆယ် ဘော်လုံးပြိုင်ပွဲကျင်းပ

EPN
မြစ်ကြီးနား၊အောက်တိုဘာ ၄

ဝိုင်းမော်မြို့အတွင်းရှိ လချိဒ်ရိုးရာမနောကွင်း၌ ဝိုင်းမော်ဇုံနယ် လချိဒ်စာပေနှင့်ယဉ်ကျေးမှု ကော်မတီမှဦးဆောင်၍ လချိဒ်လူငယ်ဖူဆယ်ဘော်လုံးပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဇုံနယ်လချိတ်လူငယ်ဖူဆယ်ဘော်လုံးပြိုင်ပွဲကျင်းပပေးရခြင်းမှာ လူငယ်များရင်းနှီးမှုရှိစေရန်၊ လူငယ်များမူးယစ်ဆေးဝါးကျေးကျွန်မှ ကင်းလွတ်စေရန်နှင့် ကျန်းမာပြီး သန်မာမှုရှိစေသည့် အားကစားကောင်းများပေါ်ထွက်လာစေရန်ရည်ရွယ်ပြီး ပြုလုပ်ပေးရခြင်း‌ဖြစ်ကြောင်း ဇုံနယ်ဥက္ကဌ ဦးဇရှီခေါယိန်းက ‌ပြောသည်။

“အခုလူငယ်တွေကမူးယစ်ဆေးဝါးတွေအရမ်းသုံးလာကြတယ်၊ဒီလိုတွေမဖြစ်စေချင်ဘူး၊ဒါကြောင့် အခုလိုအားကစားပြိုင်ပွဲတွေလုပ်ပေးတော့သူတို့အတွက် ကျန်းမာရေးလည်းကောင်းလာမယ်၊ကစားတာကိုနှစ်သက်လာတဲ့အခါ မူးယစ်ဆေးဝါးသုံးစွဲရင်ကစားလို့ရနိုင်မှာမဟုတ်ဘူးဆိုတဲ့အတွေးတွေကိုရှိစေချင်တယ်၊ ပြီးတော့အချင်းချင်းပိုပြီးရင်းနှီးစေချင်တယ်၊ဒီလိုပြိုင်ပွဲလုပ်ပေးရာကနေ နိုင်ငံအတွက် အားကစားသမားကောင်းတွေလည်းမဖြစ်လာဘူးလို့မပြောနိုင်ဘူးလေ၊ဒါကြောင့်လူ‌ငယ်တွေမူးယစ်ကျေးကျွန်ကနေလွတ်မြောက်ပြီး သန်မာတဲ့ကစားသမားတွေဖြစ်စေဖို့ရည်ရွယ်ပြီးပြုလုပ်ရတာပါ”ဟု ဦးဇရှီခေါယိန်းက ကပြောသည်။

အဆိုပါဇုံနယ်လူငယ်ဖူဆယ်ဘော်လုံးပြိုင်ပွဲတွင် ဝိုင်းမော်(A)(B)၊ဝူယန်(A)(B)၊ မုတ်ကျိတ်၊စန်းကား၊ကံပိုင်တည်၊ မဒိန်(A)(B)၊နောင်ဟီး၊ ခါ့ကွမ် ဟူ၍အသင်းဆယ်သင်းပါဝင်ပြီး အသက် ၁၆ နှစ်အထက် လူငယ်များဖြင့် အောက်တိုဘာ ၄ ရက်မှ ၈ ရက်နေ့အထိ ၄ ရက် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်းသိရသည်။

ယနေ့နံနက်ပိုင်းတွင် လူငယ်ဖူဆယ် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအဖြစ် ဝူယန်(A)အသင်းနှင့် ဝိုင်းမော်(B) အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဝူယန်(A) အသင်းမှ ၄ ဂိုး ၂ ဂိုးဖြင့် ဝိုင်းမော်(B)အသင်းကို အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ယင်း‌လူငယ်ဖူဆယ်ပြိုင်ပွဲကို အုပ်စုဖွဲ့ကစားသွားမည်ဖြစ်ပြီး ပထမဆုရရှိသည့်အသင်းကို ကျပ်ငွေ ၃ သိန်း၊ ဒုတိယဆု ကျပ်ငွေ ၂ သိန်း အပြင် ပါဝင်ကစားသည့်အသင်း အားလုံးကို နှစ်သိမ့်ဆုအသီးသီးပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇုံနယ်လချိဒ်စာပေနှင့်ယဉ်ကျေးမှုကော်မတီမှဦးဆောင်၍ လူငယ်ဖူဆယ်ဘော်လုံးပွဲကျင်းပပြုလုပ်ပေးခြင်းသည် ယခု ပထမဆုံးအကြိမ်ဖြစ်ပြီး လာမည့်နှစ်များတွင်လည်း လူငယ်ဖူဆယ်ပြိုင်ပွဲများကို ဆက်လက်လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လင်းယုန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။