Trending Now

ဒုတိယအႀကိမ္​​ေျမာက္​​ေက်ဳာက္​မ်က္​ရတနာျပပြဲကို ယခင္​ႏွစ္​ထက္​ပိုမိုစည္​ကား​ေအာင္​က်င္​းပသြားမည္​

Spread the love

ဒုတိယအႀကိမ္​​ေျမာက္​​ေက်ဳာက္​မ်က္​ရတနာျပပြဲကို ယခင္​ႏွစ္​ထက္​ပိုမိုစည္​ကား​ေအာင္​က်င္​းပသြားမည္​
EPN
ျမစ္​ႀကီးနား၊မတ္​ ၈
ကခ်င္​ျပည္​နယ္​၊ ျမစ္​ႀကီးနားၿမိဳ႕တြင္​ ျပဳလုပ္​က်င္​းပမည္​့ ဒုတိယအႀကိမ္​​ေျမာက္​ ​ေက်ာက္​မၽက္​ရတနာျပပြဲ ကိုယခင္​ႏွစ္​ကထက္ ​ပိုမိုစည္​ကား​ေအာင္​က်င္​းပသြားမည္​ဟု
ျမစ္​ႀကီးနား​ေက်ာက္​ျမတ္​လုပ္​ငန္​း႐ွင္​မ်ားအသင္​းမွ သိရသည္​။
အဆိုပါ ​ေက်ာက္​မ်က္ ​ရတနာျပပြဲကို ဧျပီလ ၂၉ ရက္​​ေန႔မွ ​ေမ၃ရက္​​ေန႔အထိ ၅ရက္​တိုင္​က်င္​းပသြားမည္​ျဖစ္​ၿပီး ယခင္​ႏွစ္​က က်င္​းပခဲ့​ေသာ ပထမအႀကိမ္​​ေျမာက္​ ​ေက်ာက္​မ်က္ ​ရတနာျပပြဲထက္​ ပိုမိုစည္​ကားသိုက္​ၿမိဳက္​စြာ ျပဳလုပ္​က်င္​းပဖို႔ စီစဥ္​ထား​ေၾကာင္​း ျမစ္​ႀကီးနားၿမိဳ႕​ေက်ာက္​မ်က္​္​လုပ္​ငန္​း႐ွင္​မ်ားအသင္​းဥကၠဌ ဦး​ေဇ​လြမ္​းကဆိုသည္​။
“ကြၽန္​​ေတာ္​တို႔ ဒီ​ေက်ာက္​မ်က္ ​ရတနာျပပြဲကို မႏွစ္​ကထက္​ ဆယ္​ဆ ပိုၿပီးစည္​ကား​ေအာင္​က်င္​းပသြားဖို႔ရိွတယ္​။အ​ခ်ာထည္ကိုပိုျပီးဦးစား​ေ​ပးထားတယ္။အခမဲ့ဝင္ျပီး​ေ​​လ့လာလို့ရတယ္။အရိုင္းတံုးဘက္ကို​ေတာ့ ဝင္​ေ​​​​ျကးသံုး​ေသာင္းသတ္မွ​​​တ္ထားတယ္။​​ရား​ဝင္​​ေက်ာက္​​ေတြဘယ္​ကမဆိုလာ​ေရာက္​ျပသလို႔ရတယ္​။”ဟု ျမစ္​ႀကီးနား​ေက်ာက္​ျမတ္​အသင္​းဥကၠဌ ဦး​ေဇလြမ္​းက​ေျပာသည္​။
အဆိုပါ ​ေက်က္​မ်က္ရ​တနာ ျပပြဲျဖစ္​​ေျမာက္​ႏိုင္​​ေရးအတြက္​ ကခ​်င္​ျပည္​နယ္​အစိုးရအဖြဲ႔မွ သယံဇာတႏွင္​့ သဘာဝပတ္​ဝန္​းက်င္​ထိန္​းသိမ္​း​ ေရးဝန္​ႀကီးဦး ဒါ႐ွီလွဆိုင္​းက ဦးစီး​ေကာ္​မတီဥကၠဌအျဖစ္​လည္​း​ေကာင္​း၊ကခ်င္​ျပည္​နယ္​အတြင္​းရိွ​ေက်ာက္​မ်က္ ​​လုပ္​ငန္​း႐ွင္​မ်ားမွ ဥကၠဌမ်ားႏွင္​့ ဆပ္​​ေကာ္​မတီ ၁၇ခုတို႔ျဖင္​့ပူး​ေပါင္​းဖြဲ႔စည္​းထား​ေၾကာင္​း ဦး​ေဇလြမ္​းက​ေျပာဆိုခဲ့သည္​။
ယခုတစ္​ႀကိမ္​​က်င္​းပမည္​့ ​ေက်ာက္​မ်က္​ရတနာျပပြဲတြင္​ ျမန္​မာ​ေငြ(က်ပ္​)ႏွင္​့သာ​ေရာင္​းခ်သြားမည္​ျဖစ္​ၿပီး ယတိအႀကိမ္က်င္​းပမည္​့ ​ေက်ာက္​
မ​်က္​ျပပြဲတြင္​ ႏိုင္​ငံျခား​ေငြျဖင္​့ ​ေရာင္​းခ်သြားႏိုင္​ရန္​ စီ​စီ​ေဆာင္​ရြက္​သြားမည္​ျဖစ္​​ေၾကာင္​း ျမစ္​ႀကီးနားၿမိဳ႕ ​ေက်ာက္​မ်က္​လုပ္​ငန္​း႐ွင္​မ်ားအသင္​း မွ သိရသည္​။
ကခ်င္​ျပည္​နယ္​၏ ပထမအႀကိမ္ ေျမာက္​ ျမန္​မာ့​ေက်ာက္​မ်က္​ရတနာ ျပပြဲကို ၂၀၁၈ခုႏွစ္​ မတ္​ အတြင္​း၌ ျပဳလုပ္​က်င္​းပခဲ့ျခင္​းျဖစ္​သည္​။
လြမ္​း​ေအာင္​
———————————————–
ဒုတိယအကြိမ်မြောက်ကျေုာက်မျက်ရတနာပြပွဲကို ယခင်နှစ်ထက်ပိုမိုစည်ကားအောင်ကျင်းပသွားမည်
EPN
မြစ်ကြီးနား၊မတ် ၈
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ပြုလုပ်ကျင်းပမည့် ဒုတိယအကြိမ်မြောက် ကျောက်မျက်ရတနာပြပွဲ ကိုယခင်နှစ်ကထက် ပိုမိုစည်ကားအောင်ကျင်းပသွားမည်ဟု မြစ်ကြီးနားကျောက်မြတ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။
အဆိုပါ ကျောက်မျက် ရတနာပြပွဲကို ဧပြီလ ၂၉ ရက်နေ့မှ မေ၃ရက်နေ့အထိ ၅ရက်တိုင်ကျင်းပသွားမည်ဖြစ်ပြီး ယခင်နှစ်က ကျင်းပခဲ့သော ပထမအကြိမ်မြောက် ကျောက်မျက် ရတနာပြပွဲထက် ပိုမိုစည်ကားသိုက်မြိုက်စွာ ပြုလုပ်ကျင်းပဖို့ စီစဉ်ထားကြောင်း မြစ်ကြီးနားမြို့ကျောက်မျက်လုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးဇေလွမ်းကဆိုသည်။
“ကျွန်တော်တို့ ဒီကျောက်မျက် ရတနာပြပွဲကို မနှစ်ကထက် ဆယ်ဆ ပိုပြီးစည်ကားအောင်ကျင်းပသွားဖို့ရှိတယ်။အချာထည်ကိုပိုပြီးဦးစားပေးထားတယ်။အခမဲ့ဝင်ပြီးလေ့လာလို့ရတယ်။အရိုင်းတုံးဘက်ကိုတော့ ဝင်ကြေးသုံးသောင်းသတ်မှတ်ထားတယ်။ရားဝင်ကျောက်တွေဘယ်ကမဆိုလာရောက်ပြသလို့ရတယ်။”ဟု မြစ်ကြီးနားကျောက်မြတ်အသင်းဥက္ကဌ ဦးဇေလွမ်းကပြောသည်။
အဆိုပါ ကျေက်မျက်ရတနာ ပြပွဲဖြစ်မြောက်နိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဦး ဒါရှီလှဆိုင်းက ဦးစီးကော်မတီဥက္ကဌအဖြစ်လည်းကောင်း၊ကချင်ပြည်နယ်အတွင်းရှိကျောက်မျက် လုပ်ငန်းရှင်များမှ ဥက္ကဌများနှင့် ဆပ်ကော်မတီ ၁၇ခုတို့ဖြင့်ပူးပေါင်းဖွဲ့စည်းထားကြောင်း ဦးဇေလွမ်းကပြောဆိုခဲ့သည်။
ယခုတစ်ကြိမ်ကျင်းပမည့် ကျောက်မျက်ရတနာပြပွဲတွင် မြန်မာငွေ(ကျပ်)နှင့်သာရောင်းချသွားမည်ဖြစ်ပြီး ယတိအကြိမ်ကျင်းပမည့် ကျောက်
မျက်ပြပွဲတွင် နိုင်ငံခြားငွေဖြင့် ရောင်းချသွားနိုင်ရန် စီစီဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြစ်ကြီးနားမြို့ ကျောက်မျက်လုပ်ငန်းရှင်များအသင်း မှ သိရသည်။
ကချင်ပြည်နယ်၏ ပထမအကြိမ် မြောက် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲကို ၂၀၁၈ခုနှစ် မတ် အတွင်း၌ ပြုလုပ်ကျင်းပခဲ့ခြင်းဖြစ်သည်။
လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။