Trending Now

ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းနောက်ဆုံးရက်ကို ဇန်နဝါရီ ၃၁ ရက်နေ့အထိ တိုးမြင့်

Spread the love

ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းနောက်ဆုံးရက်ကို ဇန်နဝါရီ ၃၁ ရက်နေ့အထိ တိုးမြင့်

EPN
မြစ်ကြီးနား၊ ဒီဇင်ဘာ ၂၇

မြန်မာ့ဆက်သွယ်ရေး ဝန်ကြီးဌာနက မိုဘိုင်းလ်ဖုန်း ဆင်းမ်ကတ် မှတ်ပုံတင်ရန် နောက်ဆုံးရက်ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ တိုးမြှင့်ပေးထားကြောင်း နိုင်ငံပိုင်သတင်းဌာနတွင် ဖော်ပြထားသည်။

မှတ်ပုံမတင်ရသေးသော ဆင်းမ်ကတ်များကို ပိတ်သိမ်းမည်ဖြစ်ကြောင်းနှင့် ဆင်းကတ်မှတ်ပုံတင်ရာတွင် အသုံးပြုသည့် နိုင်ငံသားစိစစ်ရေးကတ်နံပါတ်အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်နံပါတ်တို့ကို လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက စစ်ဆေးသွားမည်ဖြစ်ပြီး ဒေတာမကိုက်ညီမှုမရှိပါက ဆင်းကတ်ကို ပိတ်ဆို့သွားမည်ဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။

ဆင်းမ်ကတ်ရောင်းချခြင်းနှင့် ပြန်လည်မှတ်ပုံတင်ခြင်းဆိုင်ရာ ညွှန်ကြားချက်များကို မလိုက်နာပါက ဆက်သွယ်ရေးအော်ပရေတာများနှင့် ဆင်းမ်ကတ်ရောင်းချသူများကို အရေးယူမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

သုံးစွဲသူများအနေဖြင့် သက်ဆိုင်ရာမိုဘိုင်းအော်ပရေတာများနှင့် အရောင်းဆိုင်များတွင် မှန်ကန်သောအချက်အလက်များကို ဖြည့်သွင်းခြင်းဖြင့် လက်ရှိအသုံးပြုနေသော ဆင်းမ်ကတ်များကို အချိန်မီပြန်လည်မှတ်ပုံတင်ရမည်ဖြစ်ကြောင်း အသိပေးဖော်ပြထားသည်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။