Trending Now

မိုးညှင်းမြို့တွင် ဂျိန်းဖော့သူခရီးသည်ကားအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ဘိန်းဖြူများဖမ်းဆီးရမိ

Spread the love

မိုးညှင်းမြို့တွင် ဂျိန်းဖော့သူခရီးသည်ကားအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ဘိန်းဖြူများဖမ်းဆီးရမိ

EPN

မြစ်ကြီးနား ၊ မေလ ၂၆

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန့်စီးအောင် ပူးပေါင်းရေးဂိတ်တွင် ယမန်နေ့ ၁၁ နာရီခွဲအချိန် ဂျိန်းဖော့သူခရီးသည်ကားအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ဘိန်းဖြူများဖမ်းဆီးရမိကြောင်း မိုးညှင်းမြို့မရဲစခန်းထံမှ သိရသည်။

ဖြစ်စဉ်မှာ မိုးညှင်းမြို့နယ် နန့်စီးအောင် ပူးပေါင်းရေးဂိတ်တွင် စစ်ဆေးရှာဖွေနေစဉ် လားရှိုး- မြစ်ကြီးနား ဂျိန်းဖော့သူခရီးသည်ယာဉ်အား စစ်ဆေးရှာဖွေရာ လူမဲ့တန်ဆာအဖြူရောင်ပီနံအိတ် (၂)အိတ်အနက်တစ်အိတ်အတွင်းမှ လက်ဖက်ခြောက်များနှင့်ရောနှောလျှက် ဆီစိမ်စက္ကူ ၊ မိုင်းကိုင်စက္ကူတို့ဖြင့် ထုတ်ပိုးထားသည့် အပြာရောင်ပလပ်စတစ်ကပ်ခွာအိတ်ဖြင့်ထည့်လျှက် တစ်အိတ်လျှင် တံဆိပ်မပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၁၈၀)ပြားစီပါ အထုတ်(၃၀)ထုတ်ပါရှိသည့် အထုတ်ကြီးတစ်ထုတ် ၊စုစုပေါင်းစိတ်ကြွရူးသွပ်ဆေးပြား(၅၄၀၀)ပြား ‌အလေးချိန် (၅၄၀)ဂရမ်ခန့် ဒေသပေါက်ဈေးနှုန်းစိတ်ကြွဆေးပြားတစ်ပြားလျှင် ၂၀၀၀ ကျပ်နှုန်းဖြင့် (၁၀၈)ကျပ်သိန်းနှင့် အနက်ရောင်ကြွပ်ကြွပ်အိတ် အဝါရောင်တိပ်တို့ဖြင့်ထုတ်ပိုးထားသည့် ရောင်စုံဆပ်ပြာခွက်များအတွင်းထည့်လျှက် တစ်ခွက်လျှင် ဘိန်းဖြူအလေးချိန် (၁၀)ဂရမ်ခန့်စီပါ ခွက်(၁၁)ခွက်ပါရှိသည့် ကတ်ခြောက်ကတ်ပေါင်းဘိန်းဖြူဆပ်ပြာခွက် (၆၆)ခွက်၊စုစု‌ပေါင်းအလေးချိန် (၆၆၀)ဂရမ်ခန့် ‌(ဒေသပေါက်ဈေး ဘိန်းဖြူ တစ်ဂရမ်လျှင် ၄၀၀၀၀ ကျပ်နှုန်းဖြင့် (၂၆၄)သိန်းခန့်တို့အား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မှုးယစ်ဆေးဝါးနှင့်ပက်‌သက်၍ ယာဉ်မောင်းနှင့်အတူလိုက်ပါလာသောသူအား မိုးညှင်းရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုများရေးဖွင့်အရေးယူထားရှိလျှက်ရှိကြောင်း သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။