Trending Now

ယူကရိန်းကို တင်ကားတွေ ထောက်ပံစေလွတ်မယ် ဆုံးဖြတ်ချက်အပေါ် မြောက်ကိုရီးယားက အမေရိကန်ကို ပြစ်တင်ရှုတ်ချ

Spread the love

ယူကရိန်းကို တင်ကားတွေ ထောက်ပံစေလွတ်မယ် ဆုံးဖြတ်ချက်အပေါ် မြောက်ကိုရီးယားက အမေရိကန်ကို ပြစ်တင်ရှုတ်ချ

EPN
နိုင်ငံတကာ၊ ဇန်နဝါရီ ၂၈

ယူကရိန်းကို တင်ကားတွေ ထောက်ပံစေလွတ်မယ် ဆုံးဖြတ်ချက်အပေါ် မြောက်ကိုရီးယားက အမေရိကန်ကို ပြစ်တင်ရှုတ်ချခဲ့ပြီး ရုရှားကို ဖျက်ဆီးဖို့ အမေရိကန်က ကြားခံစစ်ပွဲကို အရှိန်မြင့်နေတယ်လို့ ပြောဆိုလိုက်ပါတယ်။

အခုသီးတင်းပတ် အစောပိုင်းမှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ရုရှားကျူးကျော်မှုကို တိုက်ဖျက်ဖို့အတွက် အမေရိကန်ရဲ့ အင်အားအပြင်းဆုံး လက်နက်တွေထဲက တစ်ခုဖြစ်တဲ့ Abrams တင့်ကား ၃၁ စီးကို ထောက်ပံ့သွားမယ်လို့ ဂတိပြုခဲ့ပါတယ်။

တရုတ်နဲ့ အတူ ရုရှားနိုင်ငံဟာ မြောက်ကိုရီးယားရဲ့ နိုင်ငံတကာ မဟာမိတ်တွေထဲက တစ်ဦးဖြစ်ပြီး ယခင်ကလည်း ရုရှားရဲ့ အကူအညီကို ရယူခဲ့ဘူးပါတယ်။

သောကြာနေ့ နှောင်းပိုင်းက ထုတ်ပြန်တဲ့ ကြေညာချက်မှာ မြောက်ကိုရီးယား သြဇာကြီးတဲ့ ကင်ယိုဂျုံက ယူကရိန်းအကျပ်အတည်းအတွက် ဝါရှင်တန်ကို အပြစ်တင်ကာ တင့်ကားတွေ ပိုးပို့ခြင်းနဲပ အနီရောင်လိုင်းကို ထပ်မံဖြတ်ကျော်တယ်လို့ စွပ်စွဲခဲ့ပါတယ်။

“ဒါဟာ ရုရှားကို ဖျက်ဆီးဖို့အတွက် ပရောက်စီစစ်ပွဲကို ချဲ့ထွင်ပြီး သူ့ရဲ့ ယေဘူယျ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ဖို့ အမေရိကန်ရဲ့ ဆိုးရွားတဲ့ ရည်ရွယ်ချက်ပါပဲ” လို့ သူမက ထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ ဆီးရီးယား၊ ရုရှား တို့နဲ့အတူ ယူကရိန်းအရှေ့ပိုင်းဒေသ ခွဲထွက်ရေးနယ်မြေနှစ်ခု လွတ်လပ်ရေးကို အသိအမှတ်ပြုတဲ့ တစ်ခုတည်းသောနိုင်ငံဖြစ်ပါတယ်။

— ကိုးကား —
AFP
Ref; North Korea condemns US decision to send tanks to Ukraine

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။