Trending Now

တနိုင်းမြို့နယ်ရှိ ကျေးရွာများအတွက် ယခုနှစ် ဘတ်ဂျက်အတွင်း လယ်ဧက ၆၀၀ ဖေါ်ပေးမည်

Spread the love

တနိုင်းမြို့နယ်ရှိ ကျေးရွာများအတွက် ယခုနှစ် ဘတ်ဂျက်အတွင်း လယ်ဧက ၆၀၀ ဖေါ်ပေးမည်

EPN
မြစ်ကြီးနား၊ ဇွန် ၁၁

ကချင်ပြည်နယ် တနိုင်းမြို့နယ် ရှင်ဗွေယန်မြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘတ်ဂျက်တွင် လယ်မြေ ဧက ၆၀၀ ကို ဖေါ်ဆောင်ပေးမည်ဖြစ်ကြောင်း ယင်းမြို့နယ်မှ ကချင်ပြည်နယ် လွှတ်တော်ကိုယ် စားလှယ်လည်းဖြစ်၊ စီမံကန်း၊ ဘဏ္ဍာရေးနှင့် ပြည်သူ့ငွေစာရင်းဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးဇော်ဝင်းက ပြောကြားသည်။

အဆိုပါ မြို့နယ်ရှိ ကျေးရွာများအတွက် ယခင်နှစ်ဘတ်ဂျက်တွင်လည်း လယ်မြေစိုက်ဧကများကို ဖေါ်ဆောင်ပေးခဲ့ကြောင်း၊ ယခုကဲ့သို့ မြေလွတ် မြေရိုင်းများမှ လယ်မြေဖေါ်ဆောင်ပေးခြင်းဖြင့် ဒေသခံပြည်သူလူထုအတွက် စားဝတ်နေရေး အဆင်ပြေစေရန်ဖြစ်ကြောင်း ဦးဇော်ဝင်းက ပြောကြားသည်။

ယခုနှစ် ဘတ်ဂျက်အတွင်း တနိုင်းမြို့နယ်အ တွင်းရှိ လမုန်ကျေးရွာအတွက် ဧက ၂၀၀၊ ရှင်လုံ ဂါးအတွက် ဧက ၁၀၀၊ လဂျားဘွမ်အတွက် ဧက ၁၀၀၊ ဒိုက်ဖားကျေးရွာအတွက် ဧက ၁၀၀ နှင့် ခလုံးကျေးရွာအတွက် ဧက ၁၀၀ တို့ကို ဖေါ်ဆောင်ပေးမည်ဟု သိရသည်​။

တနိုင်းမြို့နယ်၊ ရှင်ဗွေယန်မြို့နယ်အတွင်း ပြီးခဲ့သည့် ၂၀၁၆ -၁၇ ဘတ်ဂျက်တွင် လယ်ဧက ၃၁၇၊ ၂၀၁၇- ၁၈ တွင် ဧက ၇၀၀၊ ၂၀၁၈-၂၀၁၉ တွင် ဧက ၈၀၀ တို့ကိုဖေါ်ဆောင်ပေးခဲ့ကြောင်း၊ နောက်နှစ်များတွင်လည်း မြေလွတ်မြေရိုင်းရှိပြီး လိုအပ်သောကျေးရွာများ၌ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တနိုင်းဒေသရှိ ပြည်သူအများစုသည် လယ်ယာ စိုက်ပျိုးရေးကို အဓိလုပ်ဆောင်ကြသော်လည်း လယ်မြေလုပ်ကိုင်သည့် နေရာများတွင် နှစ်စဉ် မိုးရာသီကာလ၌ မိုးကြီးသည့် ဒဏ်ကြောင့် စပါး ပျက်စီးမှုများရှိနေသည်ဟု ဒေသခံများက ဆိုသည်။

ကောင်းကောင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။