Trending Now

နန္႔ေကာင္းေခ်ာင္းတစ္ေလ်ွာက္ ကမ္းထိန္းလုပ္ငန္း Steel Basket တည္ေဆာက္

Spread the love

နန္႔ေကာင္းေခ်ာင္းတစ္ေလ်ွာက္ ကမ္းထိန္းလုပ္ငန္း Steel Basket တည္ေဆာက္

EPN
မိုးေကာင္း၊ မတ္-၁၄

မိုးရာသီကာလအတြင္း မိုးေကာင္းၿမိဳ႕၊ နန္႔ေကာင္းေခ်ာင္းတစ္ေလ်ွာက္ ေရတိုက္စားမႈကာကြယ္ရန္ ကမ္းထိန္းလုပ္ငန္း Steel Basket တည္ေဆာက္ေၾကာင္း သိရသည္။

ကခ်င္ျပည္နယ္ မိုးေကာင္းၿမိဳ႕ မီးရထားသံတံတားေဟာင္းအနီး၌ ႏွစ္စဥ္မိုးရာသီကာလ ေရမ်ားခ်ိန္တြင္ ေရေၾကာင္းက်သျဖင့္ ကမ္းပါးမ်ားၿပိဳက်လ်ွက္ရွိရာ လူေနအိမ္ေျခမ်ားႏွင့္နီးစပ္၍ ၂၀၁၉ ဘ႑ာႏွစ္ ျပည္နယ္ဘတ္ဂ်က္ခြင့္ျပဳရန္ပုံေငြ (၂၇၁.၄၀ )သန္းျဖင့္ အလ်ားေပ(၁၀၀၀)အနံ(၁၂)ေပ အျမင့္(၁၄)ေပ
ကမ္းထိန္းလုပ္ငန္း Steel Basket တည္ေဆာက္ျခင္းကို ခ်မ္းေျမ့ဦး ကုမၸဏီလီမိတက္မွေဖေဖၚဝါရီ ၁၄ ရက္မွစ၍ လုပ္ငန္းအေကာင္အထည္ေဖၚေဆာင္ရြက္လွ်က္ရွိသည္။


“နန္႔ရင္း နန္႔ေကာင္းေခ်ာင္းက ေရေၾကာင္းက်တဲ့ ေနရာတိုင္းဟာ ႏွစ္စဥ္မိုးရာသီကာလ ေရမ်ားခ်ိန္ဆိုရင္ ကမ္းပါးၿပိဳက်တာေၾကာင့္ နန္႔ရင္းေခ်ာင္းဘက္ကိုေတာ့ ၂၀၁၇ ဘ႑ာႏွစ္မွာ ဝါးကရစ္ခင္းျခင္း လုပ္ငန္းေဆာင္ရြက္ခဲ့ပါတယ္။ နန္႔ေကာင္းေခ်ာင္းတစ္ေလ်ွာက္ အခုေနရာကေတာ့ ကားလမ္းႏွင့္ လူေနအိမ္ေျခေတြနဲ႔ေကာ နီးစပ္တာေၾကာင့္ အႀကီးစား ကမ္းထိန္းလုပ္ငန္း Steel Basket နဲ႔ လုပ္ေဆာင္တာျဖစ္ပါတယ္” ဟု ခ်မ္းေျမ့ဦး ကုမၸဏီလီမိတက္ မန္ေနဂ်င္းဒါရိုက္တာ ဦးေစာေထြးမွ ေျပာသည္။


အဆိုပါလုပ္ငန္းကို ခ်မ္းေျမ့ဦးကုမၸဏီလီမိတက္မွ တာဝန္ယူတည္ေဆာက္ၿပီး
ယခုႏွစ္ စက္တင္ဘာလကုန္၌အၿပီး တည္ေဆာက္ရန္လ်ာထားေၾကာင္း သိရသည္။


ခ်ိဳေမာင္

———————————-

နန့်ကောင်းချောင်းတစ်လျှောက် ကမ်းထိန်းလုပ်ငန်း Steel Basket တည်ဆောက်

EPN
မိုးကောင်း၊ မတ်-၁၄

မိုးရာသီကာလအတွင်း မိုးကောင်းမြို့၊ နန့်ကောင်းချောင်းတစ်လျှောက် ရေတိုက်စားမှုကာကွယ်ရန် ကမ်းထိန်းလုပ်ငန်း Steel Basket တည်ဆောက်ကြောင်း သိရသည်။

ကချင်ပြည်နယ် မိုးကောင်းမြို့ မီးရထားသံတံတားဟောင်းအနီး၌ နှစ်စဉ်မိုးရာသီကာလ ရေများချိန်တွင် ရေကြောင်းကျသဖြင့် ကမ်းပါးများပြိုကျလျှက်ရှိရာ လူနေအိမ်ခြေများနှင့်နီးစပ်၍ ၂၀၁၉ ဘဏ္ဍာနှစ် ပြည်နယ်ဘတ်ဂျက်ခွင့်ပြုရန်ပုံငွေ (၂၇၁.၄၀ )သန်းဖြင့် အလျားပေ(၁၀၀၀)အနံ(၁၂)ပေ အမြင့်(၁၄)ပေ
ကမ်းထိန်းလုပ်ငန်း Steel Basket တည်ဆောက်ခြင်းကို ချမ်းမြေ့ဦး ကုမ္ပဏီလီမိတက်မှဖေဖေါ်ဝါရီ ၁၄ ရက်မှစ၍ လုပ်ငန်းအကောင်အထည်ဖေါ်ဆောင်ရွက်လျှက်ရှိသည်။

“နန့်ရင်း နန့်ကောင်းချောင်းက ရေကြောင်းကျတဲ့ နေရာတိုင်းဟာ နှစ်စဉ်မိုးရာသီကာလ ရေများချိန်ဆိုရင် ကမ်းပါးပြိုကျတာကြောင့် နန့်ရင်းချောင်းဘက်ကိုတော့ ၂၀၁၇ ဘဏ္ဍာနှစ်မှာ ဝါးကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်ခဲ့ပါတယ်။ နန့်ကောင်းချောင်းတစ်လျှောက် အခုနေရာကတော့ ကားလမ်းနှင့် လူနေအိမ်ခြေတွေနဲ့ကော နီးစပ်တာကြောင့် အကြီးစား ကမ်းထိန်းလုပ်ငန်း Steel Basket နဲ့ လုပ်ဆောင်တာဖြစ်ပါတယ်” ဟု ချမ်းမြေ့ဦး ကုမ္ပဏီလီမိတက် မန်နေဂျင်းဒါရိုက်တာ ဦးစောထွေးမှ ပြောသည်။

အဆိုပါလုပ်ငန်းကို ချမ်းမြေ့ဦးကုမ္ပဏီလီမိတက်မှ တာဝန်ယူတည်ဆောက်ပြီး
ယခုနှစ် စက်တင်ဘာလကုန်၌အပြီး တည်ဆောက်ရန်လျာထားကြောင်း သိရသည်။

ချိုမောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။