Trending Now

အိန္ဒိယအမျိုးသားတစ်ဦးရဲ့ အစာအိမ်အတွင်းကနေ နာကြပ်၊ သော့တွဲတွေနဲ့ အခြားအိမ်သုံးပစ္စည်း ၁၀၀ ကျော်ကို ခွဲစိတ်ထုတ်ယူခဲ့ရ

Spread the love

အိန္ဒိယအမျိုးသားတစ်ဦးရဲ့ အစာအိမ်အတွင်းကနေ နာကြပ်၊ သော့တွဲတွေနဲ့ အခြားအိမ်သုံးပစ္စည်း ၁၀၀ ကျော်ကို ခွဲစိတ်ထုတ်ယူခဲ့ရ

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၃၀

အမျိုးသားတစ်ဦးရဲ့ အစာအိမ်အတွင်းကနေ နာကြပ်၊ သော့တွဲတွေနဲ့ အခြားအိမ်သုံးပစ္စည်း ၁၀၀ ကျော်ကို ခွဲစိတ်ထုတ်ယူခဲ့ရတဲ့ဖြစ်စဉ်တစ်ခု စက်တင်ဘာ ၂၆ ရက်နေ့က အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ကာလ်ဒီဆင် ဆိုတဲ့ အသက် ၄၀ နှစ်အရွယ် အိန္ဒိယအမျိုးသားတစ်ဦးဟာ ဗိုက်အောင့်တဲ့ ဝေဒနာကြောင့် စက်တင်ဘာလ ၂၆ ရက်နေ့က ပန်ဂျပ်ပြည်နယ်အတွင်းမှာရှိတဲ့ မိုဂါဆေးရုံမှာ အရေးပေါ်ကုသမှုခံယူခဲ့ရတယ်လို့ သိရပါတယ်။

“သူ့ကိုဓာတ်မှန်ရိုက်ကြည့်တဲ့အခါ လော့ကတ်တွေ၊ သံကြိုးတွေ၊ အခွံမာသီးတွေ၊ သော့တံတွေ၊ နားကြပ်တွေနဲ့ အခြားအိမ်သုံးပစ္စည်းပေါင်းများစွာကို သူရဲ့ အစာအိမ်အတွင်းမှာ တွေ့ရှိခဲ့တဲ့အတွက် ခွဲစိတ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။” လို့ ခွဲစိတ်မှုပြုလုပ်ခဲ့တဲ့ ဆရာဝန် အာဂျ်မီယာဆင် က ပြောပါတယ်။

သုံးနာရီကြာ ခွဲစိတ်မှုပြုလုပ်ခဲ့ပြီးနောက် လူနာရဲ့ အစာအိမ်ထဲက ပစ္စည်းပေါင်း ၁၀၀ ကျော်ကို အောင်မြင်စွာဖယ်ထုတ်နိုင်ခဲ့ပေမယ့် အဲ့ဒီပစ္စည်းတွေဟာ နှစ်ရှည်လများ အစာအိမ်ထဲမှာရှိနေခဲ့တာဖြစ်တဲ့အတွက် လူနာဟာ စိုးရိမ်ရတဲ့အခြေအနေမှာရှိနေတယ်လို့ အာဂျ်မီယာဆင်က ပြောပါတယ်။

ကာလ်ဒီဆင်ဟာ စားစရာမဟုတ်တဲ့ အရာတွေကို စားသောက်ချင်စိတ်ဖြစ်ပေါ်စေတဲ့ Pica လို့ ခေါ်တဲ့ ရောဂါတစ်မျိုးကို ခံစားနေရတာဖြစ်ပြီး ဒါကိုသူ့ရဲ့ မိသားစုဝင်တွေကိုယ်တိုင် မသိရှိခဲ့ဘူးလို့ ဆိုပါတယ်။ သူဟာ မကြာခဏ ဗိုက်အောင့်တဲ့ ဝေဒနာကို လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက စတင်ခံစားခဲ့ရတာလို့ ဆိုပါတယ်။

သူ့ရဲ့ မိသားစုဝင်တွေကလည်း ဒီအဖြစ်အပျက်ကို အံအားသင့်ခဲ့ကြပြီး ဒီလောက်များတဲ့ ပစ္စည်းတွေကိုသူဘယ်လို မျိုချခဲ့သလဲဆိုတာကို မသိခဲ့ကြဘူးလို့ ဆိုပါတယ်။ “ရောဂါလက္ခဏာတွေ ပိုဆိုးလာပြီး လူနာက အိပ်တောင်မပျော်နိုင်တော့တဲ့အချိန်ရောက်မှ ဆရာဝန်တွေဆီကို လာရောက်ပြသခဲ့တာ” လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

ref; ndtv

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။