Trending Now

ရန်ကုန်မြို့တွင် တစ်ရက်တည်း၌ အပူရှိန်ပြင်းထန်မှုကြောင့် သံဃာတစ်ပါးနှင့်အမျိုးသားတစ်ဦး သေဆုံး

Spread the love

ရန်ကုန်မြို့တွင် တစ်ရက်တည်း၌ အပူရှိန်ပြင်းထန်မှုကြောင့် သံဃာတစ်ပါးနှင့်အမျိုးသားတစ်ဦး သေဆုံး

EPN
ရန်ကုန်၊ ဧပြီ-၁၀ (၂၀၂၄)

မြန်မာနိုင်ငံတစ်ဝှမ်း၌ အပူချိန်ပြင်းထန်စွာ မြင့်တက်လျက်ရှိရာ ယမန်နေ့ (ဧပြီ ၉ ရက်)၊ တစ်ရက်တည်းတွင် ရန်ကုန်တိုင်းအတွင်း သံဃာတစ်ပါးနှင့် အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့ကြောင်း လူမှုကူညီရေးအသင်းဝင်များထံမှ သိရသည်။

ဖြစ်စဥ်မှာ ယမန်နေ့၊ နေ့လည် ၁ နာရီခွဲခန့်က တောင်ဥက္ကလာပမြို့နယ် (၄) ရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းဘေးတွင် သက်တော် (၄၀)နှစ်ခန့်ရှိ သံဃာတော်တစ်ပါး အပူချိန်ပြင်းထန်၍ ရုတ်တရက်လဲကျသွားခဲ့ကြောင်း သတင်းအရ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းမှ ကူညီရန်သွားရောက်ခဲ့ကြောင်း သိရသည်။

အခင်းဖြစ်နေရာ၌ သံဃာတော်မှာ အပူချိန် ပြင်းထန်မှုကြောင့် ဦးနှောက်သွေးကြောပြတ်ကာ ပျံလွန်တော်မူနေသဖြင့် မေတ္တာသီတာရေစင် လူမှုကူညီရေးအသင်းမှ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

၎င်းအပြင် ညနေ ၄ နာရီခွဲကျော်ခန့်ကလည်း အင်းစိန်မြို့နယ်၊ ဘုရင့်နောင်လမ်းမကြီးပေါ်ရှိ စိတ္တသုခလမ်းထိပ်တွင် အသက် (၄၅)နှစ်ခန့်ရှိ အမျိုးသားတစ်ဦးမှာ အပူချိန်ပြင်းထန်မှုကြောင့် ရုတ်တရက်လဲကျကာ ဦးနှောက်သွေးကြောပြတ်၍ သေဆုံးသွားခဲ့ကြောင်း တွဲလက် လူမှုကူညီရေးအဖွဲ့ထံမှ သိရသည်။

အဆိုပါ သေဆုံးသူ၏ ရုပ်အလောင်းအား တွဲလက် လူမှုကူညီရေးအဖွဲ့က အင်းစိန်ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ရာ ဆေးရုံကြီးမှ PR-15 ဖြင့် လက်ခံခဲ့ကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။