Trending Now

ကိုရိုနာဗိုင်းရပ်စ်မှာ တရုတ်နိုင်ငံမှ မကောင်းသောလက်ဆောင်တစ်ခုဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဆို

Spread the love

ကိုရိုနာဗိုင်းရပ်စ်မှာ တရုတ်နိုင်ငံမှ မကောင်းသောလက်ဆောင်တစ်ခုဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဆို

EPN
နိုင်ငံတကာ၊ မေ ၂၉

အမေရိကန်သမ္မတ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုအတွက် တရုတ်နိုင်ငံကို အပြစ်ဖို့ချရမည်ဟူသော စွပ်စွဲချက်ကို ထပ်လောင်းပြောကြားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်မှာ တရုတ်နိုင်ငံမှ အလွန်မကောင်းသော လက်ဆောင်တစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝန်း ပျံ့နှံ့ သွားခဲ့သည်ဟု ဒေါ်နယ်ထရမ့်က မေလ ၂၈ ရက်တွင် တွစ်တာ၌ ရေးသားခဲ့သည်။ အမေရိကန်နိုင်ငံတွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ တစ်သိန်းကျော်သွားပြီဟုလည်း သူက ဝန်ခံခဲ့သည်။

“အသက်သေဆုံးခဲ့သူများ၏ မိသားစုဝင်များ၊ မိတ်ဆွေများထံ လွန်စွာပဲ စိတ်မကောင်းဖြစ်ရတယ်လို့ ကျွန်တော် ပြောကြားလိုပါတယ်။” ဟု ၄င်းက တွစ်တာ၌ ရေးသားခဲ့သည်။

အမေရိကန်နိုင်ငံတွင် ယမန်နေ့က ကိုရိုနာဗိုင်းရပ်စ်ကြောင့် အတည်ပြုသေဆုံးသူ ၁၀၀၀၀၀ ကျော်သွားခဲ့ ပြီဖြစ်သည်။ သေဆုံးသူ တစ်သိန်းကျော်မှုနှင့်ပတ်သက်၍ မှတ်ချက်စကားမပြောကြားမှုကြောင့် မီဒီယာအချို့က ဒေါ်နယ်ထရမ့်ကို ဝေဖန်ခဲ့သည်။

ကိုဗစ်-၁၉ ကြောင့် သေဆုံးသူဉီးရေမှာ တစ်သိန်းအောက်သာရှိပါက မိမိတို့အားလုံး စွမ်းဆောင်ရည် ကောင်းတစ်ခု လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က မတ်လနှောင်းပိုင်းတွင် ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံရှိ ပြည်နယ် ၅၀ စလုံးတွင် ယခုအခါ စီးပွားရေးလုပ်ငန်းများ တစ်ချို့တစ်ဝက် ပြန်ဖွင့် သော်လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် နေ့စဉ်သေဆုံးသူအရေအတွက်မှာ ၅၀၀ ဝန်းကျင် ရှိနေဆဲဖြစ်သည်။

–ကိုးကား–
အင်န်အိတ်ချ်ကေ
Ref; Trump calls coronavirus ‘very bad gift from China’


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။