Trending Now

ငှက်ပျောကားတစ်စီး ကံပိုင်တည်သွားလမ်း ဘွမ်တောင်အတက်တွင် တိမ်းမှောက်မှုဖြစ်ပွား

Spread the love

ငှက်ပျောကားတစ်စီး ကံပိုင်တည်သွားလမ်း ဘွမ်တောင်အတက်တွင် တိမ်းမှောက်မှုဖြစ်ပွား

EPN
မြစ်ကြီးနား၊မေ ၂၅

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ကံပိုင်တည်သွားရာလမ်း ဘွမ်းတောင်အတက်တွင် ယနေ့ နံနက် ၁၀နာရီ အချိန်က ငှက်ပျောကားတစ်စီး တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိမ်းမှောက်ခဲ့သည့်ကားမှာ ဝေလငါးနှစ်ကောင် ကုမ္ပဏီမှ ငှက်ပျောကား ဖြစ်ပြီး ဘွမ်းတောင်အတတ်လမ်းပိုင်းတွင် ကားဂီယာချို့ယွင်းမှုကြောင့် တိမ်းမှောက်ခဲ့ခြင်းဖြစ်‌ကြောင်း သီးနှံပို့ဆောင်ရေးအထောက်အကူပြုအသင်းက တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ဒီနေ့ မနက် ၁၀နာရီလောက်က ကံပိုင်တည်သွားလမ်း ဘွမ်တောင်အတက်မှာ ကားဂီယာမနိုင်လို့ နောက်ပြန်ကျ ပြီးမှောက်တာလို့သိရတယ် လူထိခိုက်မှုမရှိဘူး ဝေလငါးနှစ်ကောင် ကုမ္ပဏီက ငှက်ပျောကားဖြစ်တာပါ ဖြစ်ဖြစ်ခြင်း ကျနော်တို့အသင်းက သွားပြီးကူညီလုပ်ဆောင်ပေးနေပါတယ် လမ်းကျောမပိတ်အောင်လို့ အခုလမ်းပွင့်သွားပါပြီ”ဟု ၎င်းကပြောသည်။

သီနှံပို့ဆောင်ရေးအထောက်အကူပြုအသင်းအနေဖြင့် တိမ်းမှောက်သွားသည့် ငှက်ပျောကားပေါ်တွင် ပါရှိသော သီးနှံများ၏ ဆုံးရှုံးမှုတန်ဖိုးအား အားသတ်မှတ်ထားသည့် စည်းကမ်းချက်များအတိုင်း လျော်ကြေးပေးဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောသည်။

“ကျွန်တော်တို့အသင်းအနေနဲ့က ကားပေါ်မှာပါတဲ့ သီးနှံတွေရဲ့ တန်းဖို့ကို နစ်နာမူမရှိအောင် ပြန်လုပ်ပေးတာပေါ့ စိုက်ရှင်တွေအနေနဲ့ ကုန်ပြန်ယူမယ်ဆိုရင် ပျက်ဆီးသွားတဲ့ သီးနှံဖိုးကိုဘဲပေးလျော်မှာ အကယ်၍ ကားပေါ်ပါ သီးနှံတွေမယူဘူးဆိုလည်း အကုန်လုံးအတွက်လျော်ပေးတယ် စိုက်ရှင်တွေရဲ့သဘော ဆန္ဒအတိုင်း လုပ်ပေးတာ” ဟု ၎င်းကပြောသည်။

သီးနှံပို့ဆောင်ရေးအထောက်အကူပြုအသင်းအနေဖြင့် သီးနှံစိုက်ပျိုးသူများအတွက် အထောက်အကူပြုစေရန် ယာဉ်မတော်တဆကြောင့်တိမ်း‌မှောက်၍ ပျက်ဆီးမှုရှိခဲ့သည့် သီးနှံများအား အလျော်ပြန်လည်းပေးခဲ့တာဖြစ်ပြီး ကံပိုင်တည် လမ်းပိုင်းအတွင်း၌ တစ်နှစ်အတွင်းငှက်ပျောကား တိမ်းမှောက်မှု ဆယ်ကြိမ်ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်ပွားမှုတွင် စိုက်ရှင်များ အဆင်ပြေစေရန် ဆုံးရှုံးမှုရှိသည့် သီးနှံတန်ဖိုးများပေး‌လျော်ခဲ့ကြောင်းသိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။