Trending Now

တတိယ ကမ္ဘာစစ် စတင်နေပြီလို့ ပုပ်ရဟန်းမင်းကြီးပြော

Spread the love

တတိယ ကမ္ဘာစစ် စတင်နေပြီလို့ ပုပ်ရဟန်းမင်းကြီးပြော

EPN
နိုင်ငံတကာ၊ ဇွန် ၁၆

ရုရှားဟာ ဒေါသကြောင့် ယူကရိန်းကို ကျူးကျော်ခဲ့ ကတည်းက တတိယ ကမ္ဘာစစ် စတင်နေပြီလို့ ပုပ်ရဟန်းမင်းကြီးက ပြောဆိုလိုက်ကြောင်း ဒေးလီးမေးလ် သတင်းဌာနမှာ မနေ့က ဖော်ပြပါတယ်။

နေတိုးကို အရှက်ခွဲဖို့ ပူတင်က ယူကရိန်းကို ကျူးကျော်ခဲ့တာဖြစ်ကောင်းဖြစ်နိုင်ပေမယ့် လက်ရှိအခြေအနေတွေအရ ကမ္ဘာ့စစ်ပွဲဟာ စတင်နေပြီလို့ ရိုမန်ကက်သလစ် အကြီးအကဲ ပုပ်ရဟန်းမင်းကြီး က သူ့ရဲ့အမြင်ကို ဖော်ပြခဲ့တာပါ။

ပုပ်ရဟန်းမင်းကြီးက လက်ရှိကမ္ဘာ့ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး “လူသားမျိုးနွယ်တွေဟာ အခုရာစုနှစ်အတွင်းမှာ တတိယ ကမ္ဘာစစ်ကို မြင်တွေ့နေရပါပြီ ကျွန်တော့်အတွက်တော့ ကမ္ဘာ့စစ်ပွဲကြီးဟာလဲ စတင်နေပြီဖြစ်လို့ လူသားမျိုးနွယ်အတွက် ကပ်ဘေးအန္တရာယ်တစ်ခုလို့ သတ်မှတ်ပါတယ်။” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်ပြီး မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (နေတိုး) ကိုအားပေးထောက်ခံမှာ မဟုတ်သလို ပူတင်ကိုလည်း ထောက်ခံမှာ မဟုတ်ဘူးလို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကပြောပါတယ်။

တချိန်တည်းမှာပဲ ယူကရိန်းစစ်သားတွေကို တိုင်းပြည်ရှင်သန်ရေးအတွက် တိုက်ပွဲဝင်ရာမှာ ရဲစွမ်းသတ္တိရှိတဲ့အတွက် ချီးကျူးဂုဏ်ပြုခဲ့ပြီး ရုရှားစစ်သားတွေကိုတော့ ရိုင်းစိုင်း ရက်စက်တယ်လို့ ပုပ်ရဟန်းမင်းကြီး က ရှုတ်ချခဲ့ပါတယ်။

Source – dailymail

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။