Trending Now

တရုတ်က ထိုင်ဝမ်မြောက်ဘက် အရှေ့တရုတ်ပင်လယ်မှာ တိုက်ရိုက်ပစ်ခတ်လေ့ကျင့်မှု ပြုလုပ်

Spread the love

တရုတ်က ထိုင်ဝမ်မြောက်ဘက် အရှေ့တရုတ်ပင်လယ်မှာ တိုက်ရိုက်ပစ်ခတ်လေ့ကျင့်မှု ပြုလုပ်

EPN
နိုင်ငံတကာ၊ ဇွန် ၁၄

အမေရိကန်နဲ့ သူရဲ့ မဟာမိတ်တွေ စစ်ရေးလေ့ကျင့်မှုပြုလုပ်နေချိန်မှာ တရုတ်နိုင်ငံက ထိုင်ဝမ်မြောက်ဘက်ရှိ အရှေ့တရုတ်ပင်လယ်ပြင်မှာ တိုက်ရိုက်ပစ်ခတ်လေ့ကျင့်တဲ့ စစ်ရေးလေ့ကျင့်မှုကို ဇွန်လ ၁၃ ရက်နေ့က စတင်ခဲ့ပါတယ်။

တရုတ်နိုင်ငံ ရှီကျန်းပြည်နယ်ရှိ ထိုက်ကျုံး မြို့အနီးက ပင်လယ်ပြင်မှာ စစ်သင်္ဘောတွေ တိုက်ရိုက်ပစ်ခတ်တဲ့ လေ့ကျင့်မှုပြုလုပ်မှာဖြစ်တဲ့အတွက် ဇွန်လ ၁၃ ရက်နေ့ နေ့လယ်ပိုင်းအထိ ရွက်လွှင့်ဇုန်သတိပေးချက်ကို အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် အရှေ့တရုတ်ပင်လယ်ရဲ့ မြောက်ပိုင်းဒေသမှာ ဇွန်လ ၁၄ ရက်နေ့ နှောင်းပိုင်းအထိ သီးခြားစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်သွားမယ်လို့ တရုတ်ရေကြောင်းလုံခြုံရေးအေဂျင်စီက ပြောကြားခဲ့ပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုဟာ အမေရိကန်၊ ဂျပန်၊ ကနေဒါနဲ့ ပြင်သစ်တို့ပါဝင်တဲ့ ဖိလစ်ပိုင်ပင်လယ်ပြင်မှာ သောကြာနေ့က စတင်ခဲ့တဲ့ ရေတပ်လေ့ကျင့်ခန်းနဲ့ တိုက်ဆိုင်နေပါတယ်။

အမေရိကန်နဲ့ သူ့မဟာမိတ်တွေရဲ့ လေ့ကျင့်မှုအတွင်းမှာ အမေရိကန် လေယာဉ်တင်သင်္ဘော USS Nimitz နဲ့ USS Ronald Reagan ဦးဆောင်တဲ့ တိုက်ခိုက်ရေးအဖွဲ့နှစ်ဖွဲ့ ပါဝင်ပါတယ်။

Ref; reuters

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။