Trending Now

မရှီကထောင်ရပ်ကွက် အမှိုက်ပုံတွင် လည်ပင်းဓားဒဏ်ရာဖြင့် သေဆုံးနေသော အမျိုးသားတစ်ဦး ရုပ်အလောင်းတွေ့ရှိ

Spread the love

မရှီကထောင်ရပ်ကွက် အမှိုက်ပုံတွင် လည်ပင်းဓားဒဏ်ရာဖြင့် သေဆုံးနေသော အမျိုးသားတစ်ဦး ရုပ်အလောင်းတွေ့ရှိ

EPN
မြစ်ကြီးနား၊ မတ် ၂၉ (၂၀၂၄)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မရှီကထောင်ရပ်ကွက် အမှိုက်ပုံတွင် ယမန်နေ့ (မတ်လ ၂၈ ရက်နေ့)၊ ညနေ ၆ နာရီခန့်က ဒေသခံများ အမှိုက်သွားပစ်စဥ် ပလပ်စတစ်စဖြင့် ထုတ်ပိုးထားသည့် ရုပ်အလောင်းတစ်ခုကို တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းရုပ်အလောင်းကို သီလရှင်စာသင်တိုက် ကုန်းအဆင်း ဥရုချောင်းဘေး အမှိုက်ပုံတွင် တွေ့ရှိခဲ့ရပြီး၊ သေဆုံးသူမှာ လည်ပင်းတွင် ဓားဖြင့်လှီးဖြတ်ဒဏ်ရာနှင့် မျက်နှာတွင် ဓားဖြင့်မွှန်းထားသည့် ဒဏ်ရာများ တွေ့ရှိခဲ့ကြောင်း အနီးအနားရှိ ဒေသခံတစ်ဦးက ပြောသည်။

” ဥရုချောင်းဘေးက အမှိုက်ပုံမှာ တွေ့ခဲ့တာဟုတ်တယ်။ အလောင်းကို သယ်ယူပြီးစစ်ကြည့်တော့ လည်ပင်းကို ဓားနဲ့လှီးသတ်ထားတယ်။ မျက်နာမှာလဲ ဓားနဲ့ မွှန်းထားတာတွေ တွေ့ရတယ်။ အလောင်းက ပစ်ထားတာ ကြာပြီထင်တယ်။ အနံတွေလဲ ထွက်နေပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်နေပြီ။ ပိုင်ရှင်မဲ့ အလောင်းအနေနဲ့ပဲ သင်္ဂြိုလ်ပေးလိုက်ရတယ် ” ဟု ၎င်းကပြောသည်။

သေဆုံးသူမှာ အရပ် ၅ ပေ ၁၀ လက်မခန့်ရှိ အမျိုးသားတစ်ဦး၏ ရုပ်အလောင်းဖြစ်ပြီး၊ ရုပ်အလောင်းကို အစိမ်းရောင် မိုးကာစဖြင့်ပတ်ကာ တိပ်များဖြင့် ထုတ်ပိုးစွန့်ပစ်ထားခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ မတ်လ ၂၅ ရက်နေ့ကလည်း ဆိပ်မူကျေးရွာအုပ်စု ဆန်းကြွယ်ကျေးရွာတွင် လက်ကိုကြိုးတုတ်ကာ သေနတ်ဖြင့် ပစ်သတ်ခံထားရသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကိုလည်း တွေ့ရှိခဲ့ကြောင်း သိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။