Trending Now

ထားဝယ်ရိုးရာ သပိတ်မျှောပွဲတော်ကို ယခု အောက်တိုဘာ ၂၉ ရက်၌ ကျင်းပမည်

Spread the love

ထားဝယ်ရိုးရာ သပိတ်မျှောပွဲတော်ကို ယခု အောက်တိုဘာ ၂၉ ရက်၌ ကျင်းပမည်

EPN
ထားဝယ်၊ အောက်တိုဘာ ၁၁ (၂၀၂၃)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့၌ ရိုးရာအစဉ်အလာအရ နှစ်စဉ်နှစ်တိုင်းကျင်းပလေ့ရှိသည့် ထားဝယ်ရိုးရာသပိတ်မျှောပွဲတော်ကို ယခုအောက်တိုဘာ ၂၉ ရက် (သီတင်းကျွတ်လပြည့်နေ့)၌ ထား ဝယ်မြစ်ကမ်းရှိ တလိုင်းမရပ် ဆိပ်ကမ်းသာလမ်းတွင် ကျင်းပမည်ဖြစ်ကြောင်း ထားဝယ်ရိုးရာ သပိတ်မျှောပွဲတော်ကျင်းပရေး ကော်မတီမှ သိရသည်။

အဆိုပါ ပွဲတော်သို့ လာရောက်ကြမည့်သူများကိုလည်း တေးဂီတ များဖြင့် ဧည့်ခံဖျော်ဖြေခြင်း၊ ထားဝယ်ရိုးရာ ယဉ်ကျေးမှု အကများ၊ ထားဝယ်ဒေသ သပိတ်မျှောပွဲအက၊ ရွှေဝယ်သူများရေအိုးရွက် ယိမ်းအက၊ အိုးစည်အက၊ သမိုင်းအလှတနင်္သာရီ အက၊ ရွှေဝယ် သူများရေခပ်သွားအကများ စတဲ့အကအလှများဖြင့်လည်း သီဆို ဖျော်ဖြေသွားမည်ဖြစ်ကာ မြိတ်ဒေသအစားစာများဖြင့် စတုဒိသာ ဧည့်ခံကျွေးမွေးသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

”သပိတ်မျှောပွဲတော်ကို အရှင်ဥပဂုတ္တမထေရ်မြတ်ကို ရည်စူးပြီး ထားဝယ်ရိုးရာ မြေသပိတ်ထဲ ဆွမ်း၊ မုန့်၊ သစ်သီး၊ ပေါက်ပေါက်၊ မုန့်ဆီကြော်၊ ယိုအမျိုးမျိုးစသည့် လှူဖွယ်ပစ္စည်းများ ထည့်ပြီး တံခွန်၊ ကုက္ကားများ စိုက်ထူပြီး ဆီမီးများထွန်းညှိပြီး သပိတ်မျှောခြင်းဖြစ်ပါတယ်။” ဟု ၎င်းက ဆိုသည်။

အဆိုပါ ပွဲတော်အား ရာသီဥတု၊ မိုးလေဝသကောင်းမွန်စေရန်၊ ဆန် ရေစပါး စီးပွားဥစ္စာပေါများတိုးတက်စေရန်၊ မိုးဒဏ်လေဒဏ်သ ဘာဝဘေးအန္တရာယ်များ နှင့် မကောင်းသော ဘေးကံကြမ္မာ အ ပေါင်း ကင်းဝေးလွတ် မြောက်စေရန်သည့် ဆုတောင်းပဌာနာ ပြုသည့် ရည်ရွယ်ချက်ဖြင့် ထားဝယ်မြို့၌ ရှေးအစဉ်အဆက် ကတည်းက နှစ်စဉ် သီတင်းကျွတ်လပြည့်နေ့တိုင်းကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

အလင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။