Trending Now

ပူတာအိုမြို့နယ်တွင် ဓါတ်ဆီ ဈေးနှုန်းများ အဆမတန် မြင့်တက်နေ

Spread the love

ပူတာအိုမြို့နယ်တွင် ဓါတ်ဆီ ဈေးနှုန်းများ အဆမတန် မြင့်တက်နေ

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၂၅

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် ဓါတ်ဆီ ဈေးနှုန်းများ အဆမတန် မြင့်တက်နေပြီး ဓါတ်ဆီ ၁ ပုလင်းလျင် ကျပ်ငွေ ၅၀၀၀ မှ ၈၀၀၀ ကျပ်ဝန်းကျင်ဖြင့် ဝယ်ယူနေရကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

“အခု ဒီမှာက ဓါတ်ဆီ ၁ ပုလင်းကို ၅၀၀၀ နဲ့ ၈၀၀၀ ကြားပေးဝယ်နေရတယ် စက်သုံးဆီရောင်းတဲ့ ဆိုင်တွေလဲ ပိတ်ကုန်ပြီ ဘာမှ လုပ်လို့မရဘူး အဲ့တော့ စားဝတ်နေရေး သွားရလာရတာလဲ ခက်တာပေါ့ဗျာ”ဟု ၎င်းကပြောသည်။

တိုက်ပွဲများကြောင့် ကုန်စည်သယ်ဆောင်ရေးခက်ခဲနေသည့် ပူတာအိုမြို့တွင် စက်သုံးဆီပြတ်လပ်မှု သာမက အခြားအခြေခံ စားသောက်ကုန်ပစ္စည်းများလည်း ဈေးနှုန်းမြင့်တက်နေကြောင်း သိရသည်။

“ဒီမှာက စက်သုံးဆီတစ်ခုတည်း ဈေးတက်တာ မဟုတ်ဘူး အကုန်ဈေးတက်နေတော့ စားဝတ်နေရေးလဲ ခက်ခဲလာတာ ဟုတ်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် ဓါတ်ဆီ တစ်ပေပါလျင် သိန်း ၂၀ ကျော်အထိရှိနေပြီး ဒီဇယ်ဈေးနှုန်းမှာ ဓါတ်ဆီဈေးထက် ပိုမိုမြင့်တက်ကာ ဝယ်ယူရန်ပင် မလွယ်ကူတော့ကြောင်း သိရသည်။

“ဒီဇယ်က ဓါတ်ဆီဈေးထက်ကို မြင့်တယ် ဒီဇယ်နဲ့မောင်းရတဲ့ကားတွေတော့ ထိုးကိုထိုးထားရပြီ ရောင်းမယ့်ဆိုင်တောင်မရှိတော့ဘူး”ဟု ၎င်းက ဆိုသည်။

ပူတာအိုမြို့နယ်အတွင်း ဖေဖော်ဝါရီလ အစောပိုင်း ကတည်းက (KIA)နှင့် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး ပူတာအိုမြို့ဝင်/ထွက် ဂိတ်များကိုလည်း ပိတ်ထားသဖြင့် စက်သုံးဆီများ ပြတ်တောက်လျက်ရှိကြောင်း သိရသည်။

ဝလုံး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။