Trending Now

ပူတာအိုမြို့၌ စားသောက်ဆိုင်များအား ဆိုင်ထိုင်စားသောက်ခွင့်ပြုနိုင်ရေးအတွက်ကွင်းဆင်းစစ် ဆေးဆောင်ရွက်

Spread the love

ပူတာအိုမြို့၌ စားသောက်ဆိုင်များအား ဆိုင်ထိုင်စားသောက်ခွင့်ပြုနိုင်ရေးအတွက်ကွင်းဆင်းစစ် ဆေးဆောင်ရွက်

EPN
ပူတာအို၊ ဇွန် ၇

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ကိုဗစ်-၁၉ကာလအတွင်း ဆိုင်ထိုင်စားသောက်သည့်စနစ်မှ ပါဆယ်စနစ် ဖြင့်ရောင်းချခွင့်ပြုခဲ့သည့် စားသောက်ဆိုင်များအား ဆိုင်ထိုင်စားသောက်ခွင့်ပြုနိုင်ရေးအတွက် သတ်မှတ်စည်း ကမ်းချက်များနှင့်အညီ ပြင်ဆင်ဆောင်ရွက်ထားရှိခြင်းရှိမရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ဇွန်(၇)ရက် ညနေ (၃)နာရီ က အဆိုပါကိုဗစ်-၁၉လုပ်ငန်းကော်မတီအဖွဲ့များက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

Covid-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီမှ ချမှတ်ထားသည့်စည်း ကမ်းချက်များကို မေ(၂၅)ရက်တွင် စားသောက်ဆိုင်ပိုင်ရှင်များအားခေါ်ယူကာ သတ်မှတ်စည်းကမ်းချက်များအား ပြင်ဆင်ဆောင်ရွက်ထားရှိရေးအတွက် ချပြရှင်းလင်းပေးခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာ ရှိ ဦးတင်ကိုလွင်က ၎င်းစည်းကမ်းချက်များနှင့်အညီ ပြင်ဆင်ဆောင်ရွက်ပြီးစီးကြောင်းတင်ပြလာသည့် စားသောက်ဆိုင် လေးဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ လုပ်ငန်းကော်မတီအဖွဲ့များက ဆိုင်ရှင်နှင့်၀န်ထမ်းများလိုက်နာရမည့်စည်းကမ်းချက်(၆)ချက်၊ စားသောက်ဆိုင်များတွင် ပြင်ဆင်ထားရှိရမည့် အချက်(၁၁) ချက်၊ စားသောက်ဆိုင်မှတာ၀န်ရှိသူများအား ၀န်ထမ်းများ လိုက်နာဆောင်ရွက်ရမည့်အချက် (၁၁)ချက်နှင့် အထူးဂရုပြုဆောင်ရွက်ရမည့် သန့်ရှင်းရေးလုပ်ငန်းများ(၄) ချက်တို့နှင့် ကိုက်ညီမှုရှိမရှိတို့ကိုစစ်ဆေးခဲ့ကြပြီး သတ်မှတ်စည်းကမ်းချက်များအား ပြင်ဆင်ထားရှိရေးနှင့် လိုက် နာဆောင်ရွက်ရေးတို့ကို အသိပညာပေးပြောကြားခဲ့ကြသည်။

မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီဉက္ကဌ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးသန့်စင်၊နှင့်အတူ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန့် ဇင်ထွန်းနှင့် မြို့နယ်လုပ်ငန်း ကော်မတီအဖွဲ့၀င်များက ရွှေလ၀န်း ၊ ရွှေခြင်္သေ့၊ ထ၀မ်ရာဇီ၊ ရွင်ပျော်ပျော် စားသောက်ဆိုင်များအား ကွင်းဆင်း စစ်ဆေးကာ ဆိုင်ထိုင်စားသောက်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ကျန်ရှိသည့်စားသောက်ဆိုင်များ ကိုလည်း သတ်မှတ်စည်း ကမ်းချက်များနှင့်အညီ ဆိုင်ထိုင်စားသောက်ခွင့်ပြုနိုင်ရေးတွန်းအားပေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။