Trending Now

ရခိုင်ပြည်နယ် သံတွဲခရိုင်အတွင်း ဝေလငါးသာပေါက်တစ်ကောင် သေဆုံးလျက်တွေ့ရှိ

Spread the love

ရခိုင်ပြည်နယ် သံတွဲခရိုင်အတွင်း ဝေလငါးသာပေါက်တစ်ကောင် သေဆုံးလျက်တွေ့ရှိ

EPN
သံတွဲ၊ ဇွန် ၁

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ပုန်းညက်ကျေးရွာ ပင်လယ်ကမ်းခြေတွင် ဝေလငါးသားပေါက်တစ်ကောင်ကို သေဆုံး လျက်တွေ့ရှိခဲ့ကြောင်း ကျိန္တလီဒေသကမ်းနီးငါးလုပ်ငန်းပူးပေါင်းစီမံခန့်ခွဲမှုအသင်း (KIFCA ) မှသိရသည်။

ပုန်းညက်ကျေးရွာ ပင်လယ်ကမ်းခြေတွင် ဝေလငါးသားပေါက်တစ်ကောင် သေဆုံးလျက်သောင်တင်နေသည်ကို ယမန်နေ့ ညနေပိုင်းက ကျေးရွာရေလုပ်သားများမှ စတင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ကျေးရွာရေလုပ်သားများမှ တာဝန်ရှိသူများကို အကြောင်းကြား အသိပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မနေ့က ညနေ လေးနာရီခွဲလောက်မှာ ပုန်းညက်ကျေးရွာ ပင်လယ်ကမ်းခြေမှာ ဝေလငါးသားပေါက်အသေတစ်ကောင် သောင်တင်နေတယ်လို့ ကျေးရွာရေလုပ်သားတွေက သတင်းလာပို့သွားတာပါ။” ဟု ကျိန္တလီဒေသကမ်းနီးငါးလုပ်ငန်း ပူးပေါင်းစီမံခန့်ခွဲမှုအသင်း တာဝန်ရှိသူတစ်ဦးကပြောသည်။

ထို့ကြောင့် ကျိန္တလီမြို့ ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူးနှင့်အတူ တာဝန်ရှိသူများ ၊ ရခိုင်ကမ်းရိုးတန်းဒေသ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း ( RCA )မှ တာဝန်ရှိသူများ၊ ကျိန္တလီဒေသကမ်းနီးငါးလုပ်ငန်း ပူးပေါင်း စီမံခန့်ခွဲ မှုအသင်း ( KIFCA ) မှ တာဝန်ရှိသူများသွားရောက်ခဲ့ပြီး ဝေလငါးသားပေါက် အသေကို မှတ်တမ်းဓါတ်ပုံ များ ရိုက် ယူကာ အချက်အလက်ကို မှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။

သေဆုံးလျက်တွေ့ရှိခဲ့သည့် ဝေလငါးသားပေါက်ကို ကျေးရွာ‌ရေလုပ်သားများ၏ အကူအညီ ဖြင့် ပင်လယ်ကမ်းစပ်မှ အထက် ကုန်းမြင့်သို့ ဆွဲတင်ကာ မြေမြှုပ်ပြီး GPS point မှတ်သားထားခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ငါးလုပ်ငန်းဦးစီဌာန နှင့် ရခိုင်ကမ်းရိုးတန်းဒေသပတ်ဝန်ကျင်ထိန်းသိမ်းရေးအဖွဲ့တို့ ပူးပေါင်းပြီး ဒေသခံများကို ပင်လယ်ပြင်သဘာဝသယံဇတ ထိမ်းသိမ်းရေး အသိပညာပေးလုပ်ဆောင်နေကြောင်း သိရသည်။

ဂွမြို့နယ် ပင်လယ်ကမ်းစပ်သည် ဘင်္ဂလားပင်လယ် နှင့် ထိစပ်နေသည့် ပင်လယ်ကမ်း ခြေဒေသတစ်ခုဖြစ်သည့်အတွက် ယခင်ကလည်း ယခုလိုရာသီအချိန်များတွင် ဝေလငါးများ သောင်တင်ခဲ့သည့် အဖြစ်အပျက်များ ရှိခဲ့ကြောင်း သိရသည်။

ခိုင်လေး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။