Trending Now

အမေရိကန် ဗဟိုဘဏ်က အတိုးနှုန်းတွေ စံချိန်တင် မြှင့်တင်

Spread the love

အမေရိကန် ဗဟိုဘဏ်က အတိုးနှုန်းတွေ စံချိန်တင် မြှင့်တင်

EPN
နိုင်ငံတကာ၊ မေ ၆

အမေရိကန် ဗဟိုဘဏ်က အတိုးနှုန်းတွေကို မြှင့်တင်လိုက်တာကြောင့် ၂၀၀၉ ခုနှစ်နောက်ပိုင်း စံချိန်တင် အတိုးနှုန်းမြှင့်တက်လာခဲ့တယ်လို့ အေဘီစီ သတင်းဌာနက ယနေ့ ဖော်ပြခဲ့ပါတယ်။

အမေရိကန် ဗဟိုဘဏ်က မေလ ၄ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ ငွေကြေးဖောင်းပွမှုကို ကိုင်တွယ်ဖို့ အတွက် အတိုးနှုန်းတွေကို မြှင့်တင်လိုက်တာ ဖြစ်တယ်လို့လဲ ဆိုပါတယ်။

မြင့်တက်လာတဲ့ အတိုးနှုန်းတွေကြောင့် လူတစ်ဦးချင်းနဲ့ စီးပွားရေးလုပ်ငန်းတွေအပြင် အနောက်နိုင်ငံတွေမှာ အဓိကထားအသုံးပြုနေတဲ့ ခရက်ဒစ်ကတ်အသုံးပြုခ စရိတ်စကတွေ မြင့်တက် လာမယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

ဗဟိုဘဏ် US Federal Reserve (FRB) က မူဝါဒချမှတ်သူတွေကတော့ နှစ် ၄၀ အတွင်း ငွေကြေးဖောင်းပွမှုဟာ အမြင့်ဆုံးအဆင့်ကို ရောက်နေတယ်လို့ ရှုမြင်ခဲ့ကြပါတယ်။

ဒီလို မြှင့်တင်မှုကြောင့် အစိုးရငွေချေးစာချုပ် အတိုးနှုန်း ရည်ညွှန်းချက်ဟာ ဝ.၇၅ ရာခိုင်နှုန်းနဲ့ ၁ ရာခိုင်နှုန်းကြားမှာ ရှိလာတဲ့အပြင် နောက်ထပ် အတိုးနှုန်းမြှင့်တင်မှုတွေရှိဦးမယ်လို့ ဥက္ကဌ ဂျရုန်းပါဝဲလ် က ပြောကြားခဲ့ပါတယ်။

ငွေကြေးဖောင်းပွမှုဟာ ပြီးခဲ့တဲ့လအတွင်း ၆ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ရုရှား – ယူကရိန်း စစ်ပွဲဟာ ရေနံနဲ့ အစားအသောက်ဈေးနှုန်းတွေကို မြှင့်တက်စေပြီး ငွေကြေးဖောင်းပွမှုဖိအားတွေကို ပိုမိုဆိုးရွားစေတယ်လို့လည်း ဂျရုန်းပါဝဲလ် ကမှတ်ချက်ပြုခဲ့ပါတယ်။

Source – ABC

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။