Trending Now

မြန်မာ့အိမ်နီးချင်းလာအိုနိုင်ငံမှာ တိရစ္ဆာန်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတစ်မျိုးဖြစ်ပွားနေ

Spread the love

မြန်မာ့အိမ်နီးချင်းလာအိုနိုင်ငံမှာ တိရစ္ဆာန်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတစ်မျိုးဖြစ်ပွားနေ

EPN
နိုင်ငံတကာ၊ မတ် ၃၀

မြန်မာ့အိမ်နီးချင်းလာအိုနိုင်ငံမှာ တိရစ္ဆာန်ကတဆင့် ကူးစက်တတ်တဲ့ Anthrax ရောဂါတစ်မျိုးဖြစ်ပွားနေပြီး ကျွဲနွားသေဆုံးမှုတွေနဲ့အတူ လူပေါင်း ၅၄ ဦးထက်မနည်း ကူးစက်ခံထားရတယ်လို့ သိရပါတယ်။ လက်ရှိအချိန်အထိ လူသေဆုံးမှုတွေ မရှိသေးဘူးလို့ သိရပါတယ်။

Anthrax ဟာ အလွန်ကူးစက်မြန်တဲ့ တိရိစ္ဆာန်ရောဂါဖြစ်ပြီး အထူးသဖြင့် ကျွဲနွားတွေကတဆင့် လူကိုကူးစက်နိုင်တဲ့ ဘက်တီးရီးယားပိုးဝင်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

ရောဂါပိုးရှိတဲ့ တိရစ္ဆာန်ကို ထိတွေ့မိခြင်း ဒါမှမဟုတ် စားသုံးခြင်းဖြင့် လူကိုကူးစက်နိုင်ပေမယ့် လူကနေတဆင့် ကူးစက်နိုင်ခြေနည်းပါးတယ်လို့ သိရပါတယ်။

လာအိုမှာ ကူးစက်ခံရတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက် လာအိုနဲ့ နယ်စပ်တလျှောက် တိရစ္ဆာန်တွေကို အနီးကပ် စောင့်ကြည့်ဖို့ ထိုင်းအစိုးရက တာဝန်ရှိသူတွေကို အမိန့်ထုတ်ထားတယ်လို့ သိရပါတယ်။

လာအိုနိုင်ငံက တိရစ္ဆာန်တွေကို သီးသန့်ခွဲထားဖို့ မွေးမြူရေးသမားတွေကို သတိပေးထားပြီး သံသယဖြစ်ဖွယ်ရောဂါ ဒါမှမဟုတ် သေဆုံးမှုရှိပါက ချက်ချင်းသတင်းပို့ဖို့ သတိပေးထားတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံ ရောဂါထိန်းချုပ်ရေးဌာနကလည်း နယ်စပ်တလျှောက် ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်နေပြီး အခြေအနေကို အနီးကပ် စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

Ref; AP


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။