Trending Now

မာရီယိုပိုလ် မြို့တွင် အပစ်အခတ်ရပ်စဲကြောင်း ရုရှားကြေညာ ယူကရိန်းက မယုံကြည်ဟုဆို

Spread the love

မာရီယိုပိုလ် မြို့တွင် အပစ်အခတ်ရပ်စဲကြောင်း ရုရှားကြေညာ ယူကရိန်းက မယုံကြည်ဟုဆို

EPN

နိုင်ငံတကာ၊ မတ် ၃၁

ယူကရိန်းနိုင်ငံ မာရီယိုပိုလ် မြို့တွင် ပိတ်မိနေသည့် အရပ်သားများဘေးလွတ်ရာ ရွှေ့ပြောင်းနိုင်ရေးအတွက် ယနေ့ နံနက် ၁၀ နာရီမှ စတင်ပြီး အပစ်အခတ်ရပ်စဲကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။

သို့သော်လည်း ယူကရိန်းသမ္မတ ဇလန်ဇကီ က ရုရှား၏ စစ်ရေးလှုပ်ရှားမှု ကတိများကို မယုံကြည်ကြောင်း နှင့် ယူကရိန်းစစ်တပ်အနေဖြင့် နိုင်ငံရဲ့ အရှေ့ဘက်မှာ နောက်ထပ်တိုက်ပွဲအတွက် ပြင်ဆင်နေကြောင်း ပြောဆိုခဲ့သည်။

ယနေ့နံနက် ၆ နာရီ (၀၃း၀၀ ဂရင်းနစ်စံတော်ချိန်) မတိုင်မီ ရုရှားဘက်မှ UNHCR နှင့် ICRC တို့ထံ စာဖြင့် အပစ်အခတ်ရပ်စဲရေးအတွက် ယူကရိန်းဘက်က အာမခံရန် ရုရှားဝန်ကြီးဌာနက ကိယက်ဗ် ကို တောင်းဆိုခဲ့သည်။

ယူကရိန်းသမ္မတ ဇလန်ဇကီ က ၎င်း၏တပ်ဖွဲ့များသည် အရှေ့ဘက်တွင် ရုရှားက ထိုးစစ်သစ်အတွက် ပြင်ဆင်နေပြီး ယူကရိန်းဘက်ကလည်း နိုင်ငံပ၏ပိုင်နက် မီတာတိုင်းအတွက် တိုက်ပွဲဝင်သွားမည်ဟု ကတိပြုထားသည်။

စစ်ရေးအခြေအနေများ တင်မာမှုရှိနေသော်လည်း မော်စကိုနှင့် ကိယက်ဗ်တို့ကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဧပြီလ ၁ ရက်နေ့တွင် အွန်လိုင်းမှ တဆင့် ပြန်လည်စတင်သွားမည် ဖြစ်ကြောင်း ယူကရိန်းအကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

လက်ရှိယူကရိန်းနိုင်ငံတွင် ရုရှား၏ထိုးစစ်ကြောင့် လူပေါင်း လေးသန်းကျော် ယူကရိန်းမှ တိမ်းရှောင်ခဲ့ရကြောင်း ကုလသမဂ္ဂ၏ ကိန်းဂဏန်းများက ဆိုသည်။

မော်စကိုတပ်များ ယူကရိန်းမှ မထွက်ခွာမချင်း အနောက်နိုင်ငံတွေက ရုရှားအပေါ် ပိတ်ဆို့မှုများကို မရုပ်သိမ်းသင့်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က တိုက်တွန်းပြောဆိုထားသည်။

Source – Aljazeera


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။