Trending Now

မုန်တိုင်းအရှိန်ကြောင့် တိုင်းဒေသကြီးနဲ့ပြည်နယ်တချို့မှာ မိုးကြီးနိုင်ကြောင်း မိုးဇလ သတိပေးထုတ်ပြန်

Spread the love

မုန်တိုင်းအရှိန်ကြောင့် တိုင်းဒေသကြီးနဲ့ပြည်နယ်တချို့မှာ မိုးကြီးနိုင်ကြောင်း မိုးဇလ သတိပေးထုတ်ပြန်

EPN

မြစ်ကြီးနား ၊ မေ ၉

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်းဟာ လက်ရှိမှာအဝါရောင်အဆင့်ဖြစ်ပြီး မြန်မာနိုင်ငံဘက်ကို ဦးတည်ရွှေ့လျားမယ့် အခြေအနေမရှိပေမဲ့ မုန်တိုင်းအရှိန်ကြောင့် နောက်နှစ်ရက်အတွင်း မိုးပိုလာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မနေ့မေလ (၈)ရက် ညပိုင်းက သတင်းထုတ်ပြန်ပါတယ်။

ဒီမုန်တိုင်းဟာ အိန္ဒိယနိုင်ငံရဲ့ ‌‌ဒေသအလိုက်ရေမိုင်တွေအပြင် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ရဲ့အနောက်တောင်ဘက် ရေမိုင် (၃၆၀)မိုင်ခန့်နဲ့ ဟိုင်းကြီးကျွန်းမြို့ရဲ့ အနောက်တောင်ဘက် ရေမိုင် (၄၄၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကိုဗဟိုပြုနေတယ်လို့ ဒီကနေ့မေလ (၉)ရက်၊ မနက်ပိုင်းက မိုးဇလရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

ဒါကြောင့် ဒီကနေ့ညနေပိုင်းအထိခန့်မှန်းချက်အရ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။ မိုးရွာသွန်းနိုင်ချေ (၈၀)ရာခိုင်နှုန်း ရှိတယ်လို့ ဆိုပါတယ်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။