Trending Now

ဝက္​​အ​ေသ​ေကာင္​မ်ားကို လမ္​း​ေဘးအမိႈက္​ပံုတြင္ လာ​ေရာက္​စြန္​႔ပစ္မႈေၾကာင့္ လမ္​းအသံုးျပဳသူမ်ား အနံ႔ဆိုးကို ခံစား​ေနရဟုဆို

Spread the love

ဝက္​​အ​ေသ​ေကာင္​မ်ားကို လမ္​း​ေဘးအမိႈက္​ပံုတြင္ လာ​ေရာက္​စြန္​႔ပစ္မႈေၾကာင့္ လမ္​းအသံုးျပဳသူမ်ား အနံ႔ဆိုးကို ခံစား​ေနရဟုဆို

EPN
ဟိုပင္​၊ မတ္​ – ၁၈

ဟိုပင္​ၿမိဳ႕၊ တကြင္​း​ေက်း႐ြာႏွင္​့ႏံႈးခ်ိဳ​ေက်း႐ြာကိုဆက္​သြယ္​ထား​ေသာ၊ တကြင္​း-ႏံႈးခ်ိဳအမွတ္​(၁) လမ္​း​ေဘးအမိႈက္​ပံုတြင္ ဝက္​​အ​ေသ​ေကာင္​မ်ားကို ဆာလာအိတ္​အတြင္​းထည္​့၍ လာ​ေရာက္​စြန္​႔ပစ္​မႈ​ေၾကာင္​း အဆိုပါလမ္​းကိုအသံုးျပဳ​ေနသူမ်ားက အနံ႔အသက္​ဆိုးကိုခံစား​ေနရသည္​ဟု​​လမ္​းအသံုးျပဳသူ​ေဒသခံမ်ားက ဆိုသည္​။


“သည္​လမ္​းကိုျဖတ္​တိုင္​းအပုတ္​နံ႔ရ​ေနတာၾကာၿပီ ဝက္​အ​ေသ​ေကာင္​​ေတြလာပစ္​ၾကတာ​ေလ၊ ​ေနပူ​ေလ အနံ႔ထြက္​​ေလပဲ အရမ္​းနံပါတယ္​´´ဟု ယင္​းလမ္​းအသံုးျပဳသူ​ေဒသခံတစ္​ဦးက ​ေျပာသည္​။

ယင္​းလမ္​းအနီးတြင္​​ေနထိုင္​သူ ​ေဒၚခင္​မာကလည္​း“ ည​ေန​ေစာင္​းဆို ဆာလာအိတ္​အထုပ္​​ေတြနဲ႔အမိႈက္​ပံုဘက္​ကိုသြားပစ္​ၾကတာ​ေတြ႕တယ္​၊ တခ်ိဳ႕ကအိတ္​ကို တ႐ြတ္​တိုက္​ ဆြဲသြားတာ ´´ဟု​ေျပာသည္​။

တကြင္​း​ေက်း႐ြာတြင္​ ဝက္​မ်ား​ေသဆံုး​ေနသည္​မွာ(၁၀)ရက္​ခန္​႔ရွိခဲ့ၿပီျဖစ္​​ေၾကာင္​း ကူးစက္​​ေရာဂါမဟုတ္​​ေသာ ရာသီအကူး​အ​ေျပာင္​းဖ်ားနာမႈ​ေၾကာင္​့ျဖစ္​သည္​ဟု ဟိုပင္​ၿမိဳ႕ဒုလက္​​ေထာက္​ တိရိစာၦန္​က်န္းမာ​ေရးမွဴး ဦးစ​ေနထြန္​းက ဆိုသည္​။

“အခု ဝက္​​ေတြ ​ေသ​ေနရတာက ရာသီအကူးအ​ေျပာင္​းကာလ​ေၾကာင္​့ပါ ကူးစက္​​ေရာဂါမဟုတ္​ပါဘူး၊ မႏွစ္​​က​ေတာ့ဝက္​နား႐ြက္​ျပာ​ေရာဂါျဖစ္​​ခဲ့တယ္​ အခုကဝက္​နား႐ြက္​ျပာ​ေရာဂါကာကြယ္​​ေဆးလည္​းရွိ​ေနၿပီ တကြင္​း႐ြာမွာလည္​း တခ်ိဳ႕ကာကြယ္​​ေဆးထိုး​ေပးထားတာရွိပါတယ္​´´ဟု ဒုလက္​​ေထာက္​တိရိစာၦန္​က်န္းမာ​ေရးမွဴး ဦးစ​ေနထြန္​းက ဆက္​ေျပာသည္​။

ဝက္​မ်ား​ေသဆံုးပါက ​ေျမႀကီးအတြင္​ျမဳပ္​ၿပီးစြန္​႔ပစ္​ရန္​ႏွစ္​အမိႈက္​ပံုတြင္​စြန္​႔ပစ္​ျခင္​းမျပဳရန္​ ရပ္​ကြက္​မွဴးမ်ားအား မိမိရပ္​ကြက္​အလိုက္​ဝက္​​ေမြးျမဴ​ေနသူမ်ားကို ​ေျပာဆိုရန္​မွာၾကားထား​ေၾကာင္​းတကြင္​​ေက်း႐ြာအုပ္​ခ်ဳပ္​​ေရးမွဴးဦးစိုင္​း​ေလာမာန္​ကဆိုသည္​။

တကြင္​း​ေက်း႐ြာတြင္​ ယမန္​ႏွစ္​က ဝက္​နား႐ြက္​ျပာ​ေရာဂါျဖစ္​ပြားခဲ့ၿပီး ဝက္အ​ေသ​ေကာင္​းမ်ားကို ယခုလိုဆာလာအိတ္​အတြင္​ထည္​့ကာ တကြင္​း-ႏံႈးခ်ိဳအမွတ္​(၁) လမ္​း​ေဘးအမိႈက္​ပံုတြင္လာ​ေရာက္​စြန္​႔ပစ္​မႈမ်ားရွိခဲ့သျဖင္​့ ယင္​းလမ္​းအသံုးျပဳသူမ်ားကယခုလိုအနံ႔ဆိုကိုယမန္​ႏွစ္​ကလည္​းခံစားခဲ့ရ​ေၾကာင္​း တကြင္​း​ေဒသခံမ်ားထံမွသိရသည္​။

ခ်စ္​သား
———————————————-

ဝက်အသေကောင်များကို လမ်းဘေးအမှိုက်ပုံတွင် လာရောက်စွန့်ပစ်မှုကြောင့် လမ်းအသုံးပြုသူများ အနံ့ဆိုးကို ခံစားနေရဟုဆို

EPN
ဟိုပင်၊ မတ် – ၁၈

ဟိုပင်မြို့၊ တကွင်းကျေးရွာနှင့်နှုံးချိုကျေးရွာကိုဆက်သွယ်ထားသော၊ တကွင်း-နှုံးချိုအမှတ်(၁) လမ်းဘေးအမှိုက်ပုံတွင် ဝက်အသေကောင်များကို ဆာလာအိတ်အတွင်းထည့်၍ လာရောက်စွန့်ပစ်မှုကြောင်း အဆိုပါလမ်းကိုအသုံးပြုနေသူများက အနံ့အသက်ဆိုးကိုခံစားနေရသည်ဟုလမ်းအသုံးပြုသူဒေသခံများက ဆိုသည်။

“သည်လမ်းကိုဖြတ်တိုင်းအပုတ်နံ့ရနေတာကြာပြီ ဝက်အသေကောင်တွေလာပစ်ကြတာလေ၊ နေပူလေ အနံ့ထွက်လေပဲ အရမ်းနံပါတယ်´´ဟု ယင်းလမ်းအသုံးပြုသူဒေသခံတစ်ဦးက ပြောသည်။

ယင်းလမ်းအနီးတွင်နေထိုင်သူ ဒေါ်ခင်မာကလည်း“ ညနေစောင်းဆို ဆာလာအိတ်အထုပ်တွေနဲ့အမှိုက်ပုံဘက်ကိုသွားပစ်ကြတာတွေ့တယ်၊ တချို့ကအိတ်ကို တရွတ်တိုက် ဆွဲသွားတာ ´´ဟုပြောသည်။

တကွင်းကျေးရွာတွင် ဝက်များသေဆုံးနေသည်မှာ(၁၀)ရက်ခန့်ရှိခဲ့ပြီဖြစ်ကြောင်း ကူးစက်ရောဂါမဟုတ်သော ရာသီအကူးအပြောင်းဖျားနာမှုကြောင့်ဖြစ်သည်ဟု ဟိုပင်မြို့ဒုလက်ထောက် တိရိစ္ဆာန်ကျန်းမာရေးမှူး ဦးစနေထွန်းက ဆိုသည်။

“အခု ဝက်တွေ သေနေရတာက ရာသီအကူးအပြောင်းကာလကြောင့်ပါ ကူးစက်ရောဂါမဟုတ်ပါဘူး၊ မနှစ်ကတော့ဝက်နားရွက်ပြာရောဂါဖြစ်ခဲ့တယ် အခုကဝက်နားရွက်ပြာရောဂါကာကွယ်ဆေးလည်းရှိနေပြီ တကွင်းရွာမှာလည်း တချို့ကာကွယ်ဆေးထိုးပေးထားတာရှိပါတယ်´´ဟု ဒုလက်ထောက်တိရိစ္ဆာန်ကျန်းမာရေးမှူး ဦးစနေထွန်းက ဆက်ပြောသည်။

ဝက်များသေဆုံးပါက မြေကြီးအတွင်မြုပ်ပြီးစွန့်ပစ်ရန်နှစ်အမှိုက်ပုံတွင်စွန့်ပစ်ခြင်းမပြုရန် ရပ်ကွက်မှူးများအား မိမိရပ်ကွက်အလိုက်ဝက်မွေးမြူနေသူများကို ပြောဆိုရန်မှာကြားထားကြောင်းတကွင်ကျေးရွာအုပ်ချုပ်ရေးမှူးဦးစိုင်းလောမာန်ကဆိုသည်။

တကွင်းကျေးရွာတွင် ယမန်နှစ်က ဝက်နားရွက်ပြာရောဂါဖြစ်ပွားခဲ့ပြီး ဝက်အသေကောင်းများကို ယခုလိုဆာလာအိတ်အတွင်ထည့်ကာ တကွင်း-နှုံးချိုအမှတ်(၁) လမ်းဘေးအမှိုက်ပုံတွင်လာရောက်စွန့်ပစ်မှုများရှိခဲ့သဖြင့် ယင်းလမ်းအသုံးပြုသူများကယခုလိုအနံ့ဆိုကိုယမန်နှစ်ကလည်းခံစားခဲ့ရကြောင်း တကွင်းဒေသခံများထံမှသိရသည်။

ချစ်သား


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။