Trending Now

ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲအား လက်ခံတွေ့ဆုံ

Spread the love

ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲအား လက်ခံတွေ့ဆုံ

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၆

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ သည် ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ Mr. Sajjad Mohammad Sajid အား စက်တင်ဘာ၅ရက်၊ နံနက်ပိုင်းတွင် တွေ့ဆုံခဲ့ကြောင်းသိရသည်။

ယင်းသို့ တွေ့ဆုံစဉ်အတွင်း ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် အရေးပေါ် ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲဖြစ်သူ Under-Secretary-General Mr. Martin Griffiths ၏ ဩဂုတ်လအတွင်းက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးစဉ်နောက်ပိုင်း မြန်မာအစိုးရနှင့် ကုလသမဂ္ဂနှင့် ၎င်း၏လက်အောက်ခံအဖွဲ့အစည်းများ အကြား ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ကုလသမဂ္ဂ ယာယီဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Mr. Ramanathan Balakrishnan နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆာကူရာ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။