Trending Now

လူမှုကွန်ယက်တွင် ပျံ့နှံလျှက်ရှိသည့် ဒေါ်လာဈေးနှင့် ရွှေဈေးသတင်းမှာ သတင်းမှားဟု စီးကူးဝန်ကြီး ပြော ကြား

Spread the love

လူမှုကွန်ယက်တွင် ပျံ့နှံလျှက်ရှိသည့် ဒေါ်လာဈေးနှင့် ရွှေဈေးသတင်းမှာ သတင်းမှားဟု စီးကူးဝန်ကြီး ပြော ကြား

EPN
နေပြည်တော်၊ သြဂုတ် ၂၉

လူမှုကွန်ယက်တွင် ပျံ့နှံလျှက်ရှိသည့် ဒေါ်လာဈေးနှင့် ရွှေဈေးသတင်းမှာ သတင်းမှားသာဖြစ်ကြောင်း စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး သူ၏ လူမှုကွန်ယက်စာမျက်နှာမှ တဆင့် ရှင်းလင်းထားသည်။

ယခုရက်ပိုင်း အမေရိကန် တစ်ဒေါ်လာကို ၂၇၀၀ နှုန်းနှင့် ရွှေတစ်ကျပ်သားကို ၂၅ သိန်းဖြင့် ဈေးဖွင့်ရန်နှင့် ဆေးဝါးမှလွှ၍ သွင်းကုန်လုပ်ငန်းအားလုံး ယာယီဆိုင်းငံ့ရန်ဆိုသည့် လူမှုကွန်ယက်စာမျက်နှာများတွင် ဖြန့် ဝေနေကြသည့် သတင်းအမှားများနှင့်ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်းပြောဆိုထား ခြင်းဖြစ်သည်။

“ဒီရက်ပိုင်းတွေမှာ စီးပွားရေးနဲ့ ငွေကြေးဈေးကွက်အတွင်း သမားရိုးကျမဟုတ်တဲ့ လုပ်ဆောင်မှုတွေ လူထုကို ထင်ယောင်ထင်မှားဖြစ်စေမယ့် သတင်းမှားထုတ်လွှင့်မှုတွေ ခပ်စိတ်စိတ် တွေ့လာရပါတယ်။ ဒီနေ့တွေ့ လိုက်ရတဲ့ လုပ်ကြံသတင်း သတင်းမှားတစ်ခုကို ပူးတွဲဖော်ပြပေးလိုက်ပါတယ်။ လုံးဝမှားယွင်းပြီး အခြေအမြစ် မရှိဘဲ လူထုကို ချောက်တွန်းတဲ့ သတင်းလို ပြောပြလိုပါတယ်။ ထပ်မံပြောကြားလိုတာကတော့ တရားဝင်ထုတ် ပြန်တာမဟုတ်တဲ့ အခြေအမြစ်မရှိတဲ့သတင်းတွေကို မယုံကြပါနဲ့” ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြောဆိုထားသည်။

ကုန်သွယ်မှုနှင့် ပတ်သက်လာပါက ပိုမိုလွယ်ကူချောမွေ့လာစေရန် မိမိတို ဝန်ကြီးဌာနဝန်ထမ်းများမှ ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ကုန်သွယ်မှုနှင့် ပတ်သက်ပါက အများပြည်သူ သိသင့်သည့် သတင်းမှန်များကို စီပွား/ကူးသန်း websiteနှင့် Facebook တိုမှ ပုံမှန်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြောကြားထားသည်။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။