Trending Now

ေက်းလက္ေနျပည္သူမ်ား၏ လူမႈဘ၀ဖြံ႕ၿဖိုးတိုးတက္ေစရန္ အလုပ္အကိုင္အခြင့္အလမ္းမ်ား ရရိွေစရန္ႏွင့္ အသက္ေမြးဝမ္းေၾကာင္းပညာရပ္တစ္ခုအေနျဖင့္ အေျခခံလက္သမားပညာ ေပးသင္တန္း သင္ၾကားေပးျခင္​းျဖစ္​တယ္​ဟု ျမိဳ႕နယ္ေက်းလက္ ေဒသဦးစီးဌာနမွဴးမွ ဆို

Spread the love

ေက်းလက္ေနျပည္သူမ်ား၏ လူမႈဘ၀ဖြံ႕ၿဖိုးတိုးတက္ေစရန္ အလုပ္အကိုင္အခြင့္အလမ္းမ်ား ရရိွေစရန္ႏွင့္  အသက္ေမြးဝမ္းေၾကာင္းပညာရပ္တစ္ခုအေနျဖင့္ အေျခခံလက္သမားပညာ ေပးသင္တန္း သင္ၾကားေပးျခင္​းျဖစ္​တယ္​ဟု  ျမိဳ႕နယ္ေက်းလက္ ေဒသဦးစီးဌာနမွဴးမွ ဆို

EPN
မိုးညႇင္း၊ မတ္ ၂၅

ေက်းလက္ေနျပည္သူမ်ား၏ လူမႈဘ၀ဖြံ႕ၿဖိဳးတိုးတက္ေစရန္ အလုပ္အကိုင္အခြင့္အလမ္းမ်ား ရရိွေစရန္ အသက္ေမြးဝမ္းေၾကာင္းပညာရပ္တစ္ခုအေနျဖင့္ အေျခခံလက္သမားပညာ ေပးသင္တန္း သင္ၾကားေပးျခင္​းျဖစ္​တယ္​ဟု  ျမိဳ႕နယ္ေက်းလက္ ေဒသဦးစီးဌာနမွဴးမွ ​ေျပာဆိုသည္​။

(၅)ႀကိမ္ေျမာက္သက္ေမြးဝမ္းေၾကာင္းအေထာက္အကူျပဳ၊ အေျခခံလက္သမားသင္တန္းအား မိုးညႇင္းၿမိဳ႕နယ္ ေက်းလက္ဖြံ႕ၿဖိဳးတိုးတက္ေရးဦးစီးဌာန႐ံုးတြင္ (၁၅)ရက္ၾကာ သင္ၾကားေပးသြားမည္ဟု  ယေန႔ မတ္လ(၂၅)ရက္ေန႔ နံနက္(၁၀)နာရီအခ်ိန္ က အဆိုပါ ဌာနတြင္ ျပဳလုပ္ခဲ့ေသာ ၁/၂၀၁၉ -အသက္ေမြးဝမ္းေၾကာင္းအေထာက္အကူျပဳသင္တန္းဖြင့္ပြဲတြင္-ၿမိဳ႕နယ္ေက်းလက္ ေဒသဦးစီးဌာနမႉး ဦးဆန္းမင္း မွ အထက္​ပါအတိုင္​း​ေျပာသည္​။


“သင္တန္းဖြင့္လွစ္ရတဲ့ရည္ရြယ္ခ်က္အေနနဲ႔ကေတာ့ ေက်းလက္ေနျပည္သူမ်ား၏ လူမႈ႕ဘဝ ဖြံ႕ၿဖိဳးတိုးတက္ေစရန္ႏွင့္ အလုပ္အကိုင္အခြင့္အလမ္းမ်ား ရရိွေစရန္ အသက္ေမြးဝမ္းေၾကာင္းပညာရပ္တခုအေနျဖင့္ အေျခခံလက္သမားပညာ ေပးသင္တန္း သင္ၾကားေပးျခင္​းျဖစ္​တယ္​။ လက္​သမားပညာတတ္ေျမာက္ပါက မိမိတို႔ေက်းရြာေဒသအက်ဳိးျပဳလုပ္ငန္းမ်ားတြင္ ကူညီလုပ္ေဆာင္ႏိူင္ရန္ သင္ၾကားေပးျခင္းျဖစ္ေၾကာင္း၊ လက္သမားအေထာက္အကူျပဳသင္တန္းအား မိုးညႇင္းၿမိဳ႕နယ္ရိွ ကုန္းမန၊ သဲဂုဏ္၊ ကြၽန္းပင္သာ၊ နန္႔ရင္း၊ မိုးညႇင္း တို႔တြင္ (၅)ႀကိမ္ေျမာက္ သင္ၾကားေပးျခင္းျဖစ္ေၾကာင္းႏွင့္ သင္ၾကားေပးရန္အတြက္ နန္းမားႀကီးေက်းရြာမွ လက္သမားဆရာ ဦးစံတင္မွ ဦးေဆာင္သင္ၾကားေပးျခင္းျဖစ္ေၾကာင္း  ေက်းလက္ဖြံ႕ၿဖိဳးဦးစီးမႉး ဦးဆန္းမင္းကေျပာသည္။

“ထိုသင္တန္းဖြင့္ပြဲတြင္” ၿမိဳ႕နယ္အုပ္ခ်ဴပ္ေရးမႉး ဦးရဲေအာင္မွ အမွာစကားေျပာၾကားရာတြင္”ႏိူင္ငံေတာ္အစိုးရ၏ လမ္းၫႊန္မႈ႕ျဖင့္အေကာင္အထည္ေဖာ္ေဆာင္ရြက္လွ်က္ရိွေသာ ေက်းလက္ေဒသဖြံ႕ၿဖိဳးတိုးတက္ေရး အတြက္စီမံကိန္းအျဖစ္ ေက်းလက္ေနျပည္သူမ်ားဘဝ တိုးတက္ျမင့္မားေစရန္ အတြက္ အမ်ဳိးသမီးမ်ားအတြက္ အေျခခံလူသံုးကုန္ပစၥည္းျပဳလုပ္နည္းသင္တန္းေပးျခင္းကိုျပဳလုပ္ခဲ့ၿပီး ေနာက္ ယခုအႀကိမ္သည္ သက္ေမြးဝမ္းေၾကာင္းတစ္ခုအေနျဖင့္ အေျခခံလက္သမားသင္တန္းအား ျပဳလုပ္ေပးျခင္းျဖစ္ေၾကာင္း၊ သို႔ျဖစ္ပါ၍ သင္တန္းသားမ်ားအေနျဖင့္ တတ္ေျမာက္ေအာင္သင္ၾကားၾကပါရန္ တိုက္တြန္းေျပာၾကားခဲ့သည္။

အဆိုပါ (၁၅)ရက္ၾကာ အသက္ေမြးဝမ္းေၾကာင္းအေထာက္အကူျပဳလက္သမားသင္တန္းသို႔ မိုးညႇင္းၿမိဳ႕နယ္အုပ္ခ်ဴပ္ေရးမွဴး ဦးရဲေအာင္၊ ခ႐ိုင္ စာရင္းစစ္လက္ေထာက္ၫႊန္ၾကားေရးမွဴး ေဒၚဥမၼာလိႈင္၊ စည္ပင္အမႈ႕ေဆာင္အရာရိွ ဦးဝင္းႏိုင္ႏွင့္ စည္ပင္ေကာ္မတီဥကၠ႒ ဦးသိန္းေအာင္၊ စိုက္ပ်ဳိးေရးသုေသသန ၿခံမန္ေနဂ်ာ ဦးျမင့္ေသာင္း ၊ ေက်းလက္ေဒသဖြံ႕ၿဖိဳးေရးဦးစီးမႉး ဦးဆန္းမင္း၊ ၿမိဳ႕နယ္ သမဝါယမဦးစီးမႉး ဦးတင့္လြင္၊ စားသံုးသူေရးရာ ဌာနတာဝန္ခံ ဦးစိုးလြင္၊ ၿမိဳ႕နယ္ျပန္ဆက္ဦးစီးမမွဴး ေဒၚႏြယ္ႏြယ္ေအး၊ ၿမိဳ႕နယ္အရန္မီးသတ္ဌာနမွ ဦးေအာင္ဆန္းဦးႏွင့္အဆိုပါသင္တန္းသို႔ တက္ေရာက္သင္ၾကားသူ ဦးေရ(၃၀)တို႔ မွ တက္ေရာက္ခဲ့ေၾကာင္း သတင္းရရိွသည္။

မိုးျမင့္

—————————————-

ကျေးလက်နေပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်နှင့်  အသက်မွေးဝမ်းကြောင်းပညာရပ်တစ်ခုအနေဖြင့် အခြေခံလက်သမားပညာ ပေးသင်တန်း သင်ကြားပေးခြင်းဖြစ်တယ်ဟု  မြို့နယ်ကျေးလက် ဒေသဦးစီးဌာနမှူးမှ ဆို

EPN
မိုးညှင်း၊ မတ် ၂၅

ကျေးလက်နေပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် အသက်မွေးဝမ်းကြောင်းပညာရပ်တစ်ခုအနေဖြင့် အခြေခံလက်သမားပညာ ပေးသင်တန်း သင်ကြားပေးခြင်းဖြစ်တယ်ဟု  မြို့နယ်ကျေးလက် ဒေသဦးစီးဌာနမှူးမှ ပြောဆိုသည်။

(၅)ကြိမ်မြောက်သက်မွေးဝမ်းကြောင်းအထောက်အကူပြု၊ အခြေခံလက်သမားသင်တန်းအား မိုးညှင်းမြို့နယ် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် (၁၅)ရက်ကြာ သင်ကြားပေးသွားမည်ဟု  ယနေ့ မတ်လ(၂၅)ရက်နေ့ နံနက်(၁၀)နာရီအချိန် က အဆိုပါ ဌာနတွင် ပြုလုပ်ခဲ့သော ၁/၂၀၁၉ -အသက်မွေးဝမ်းကြောင်းအထောက်အကူပြုသင်တန်းဖွင့်ပွဲတွင်-မြို့နယ်ကျေးလက် ဒေသဦးစီးဌာနမှူး ဦးဆန်းမင်း မှ အထက်ပါအတိုင်းပြောသည်။

“သင်တန်းဖွင့်လှစ်ရတဲ့ရည်ရွယ်ချက်အနေနဲ့ကတော့ ကျေးလက်နေပြည်သူများ၏ လူမှု့ဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် အသက်မွေးဝမ်းကြောင်းပညာရပ်တခုအနေဖြင့် အခြေခံလက်သမားပညာ ပေးသင်တန်း သင်ကြားပေးခြင်းဖြစ်တယ်။ လက်သမားပညာတတ်မြောက်ပါက မိမိတို့ကျေးရွာဒေသအကျိုးပြုလုပ်ငန်းများတွင် ကူညီလုပ်ဆောင်နိူင်ရန် သင်ကြားပေးခြင်းဖြစ်ကြောင်း၊ လက်သမားအထောက်အကူပြုသင်တန်းအား မိုးညှင်းမြို့နယ်ရှိ ကုန်းမန၊ သဲဂုဏ်၊ ကျွန်းပင်သာ၊ နန့်ရင်း၊ မိုးညှင်း တို့တွင် (၅)ကြိမ်မြောက် သင်ကြားပေးခြင်းဖြစ်ကြောင်းနှင့် သင်ကြားပေးရန်အတွက် နန်းမားကြီးကျေးရွာမှ လက်သမားဆရာ ဦးစံတင်မှ ဦးဆောင်သင်ကြားပေးခြင်းဖြစ်ကြောင်း  ကျေးလက်ဖွံ့ဖြိုးဦးစီးမှူး ဦးဆန်းမင်းကပြောသည်။

“ထိုသင်တန်းဖွင့်ပွဲတွင်” မြို့နယ်အုပ်ချူပ်ရေးမှူး ဦးရဲအောင်မှ အမှာစကားပြောကြားရာတွင်”နိူင်ငံတော်အစိုးရ၏ လမ်းညွှန်မှု့ဖြင့်အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသော ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက်စီမံကိန်းအဖြစ် ကျေးလက်နေပြည်သူများဘဝ တိုးတက်မြင့်မားစေရန် အတွက် အမျိုးသမီးများအတွက် အခြေခံလူသုံးကုန်ပစ္စည်းပြုလုပ်နည်းသင်တန်းပေးခြင်းကိုပြုလုပ်ခဲ့ပြီး နောက် ယခုအကြိမ်သည် သက်မွေးဝမ်းကြောင်းတစ်ခုအနေဖြင့် အခြေခံလက်သမားသင်တန်းအား ပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ သင်တန်းသားများအနေဖြင့် တတ်မြောက်အောင်သင်ကြားကြပါရန် တိုက်တွန်းပြောကြားခဲ့သည်။

အဆိုပါ (၁၅)ရက်ကြာ အသက်မွေးဝမ်းကြောင်းအထောက်အကူပြုလက်သမားသင်တန်းသို့ မိုးညှင်းမြို့နယ်အုပ်ချူပ်ရေးမှူး ဦးရဲအောင်၊ ခရိုင် စာရင်းစစ်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာလှိုင်၊ စည်ပင်အမှု့ဆောင်အရာရှိ ဦးဝင်းနိုင်နှင့် စည်ပင်ကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်၊ စိုက်ပျိုးရေးသုသေသန ခြံမန်နေဂျာ ဦးမြင့်သောင်း ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးမှူး ဦးဆန်းမင်း၊ မြို့နယ် သမဝါယမဦးစီးမှူး ဦးတင့်လွင်၊ စားသုံးသူရေးရာ ဌာနတာဝန်ခံ ဦးစိုးလွင်၊ မြို့နယ်ပြန်ဆက်ဦးစီးမမှူး ဒေါ်နွယ်နွယ်အေး၊ မြို့နယ်အရန်မီးသတ်ဌာနမှ ဦးအောင်ဆန်းဦးနှင့်အဆိုပါသင်တန်းသို့ တက်ရောက်သင်ကြားသူ ဦးရေ(၃၀)တို့ မှ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

မိုးမြင့်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။