Trending Now

မြောက်ကိုရီးယားက တောင်ကိုရီးယားနှင့် ဆက်သွယ်ရေးလိုင်းအားလုံး ဖြတ်တောက်မည်

Spread the love

မြောက်ကိုရီးယားက တောင်ကိုရီးယားနှင့် ဆက်သွယ်ရေးလိုင်းအားလုံး ဖြတ်တောက်မည်

EPN
နိုင်ငံတကာ၊ ဇွန် ၉

ယနေ့နေ့လယ်ပိုင်းမှစ၍ တောင်ကိုရီးယားနိုင်ငံနှင့် ဆက်သွယ်ရေးလိုင်းများအားလုံး ဖြတ်တောက်မည် ဟု မြောက်ကိုရီးယားနိုင်ငံက ပြောသည်။

မေလ ၃၁ ရက်တွင် နယ်စပ်တစ်လျောက် တောင်ကိုရီးယားနိုင်ငံရှိ ပြည်ပြေးများက မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်ကိုဝေဖန်သော လက်ကမ်းစာစောင်များကြောင့် မြောက်ကိုရီးယားနိုင်ငံကို ဒေါသဖြစ်စေပြီးနောက် ထိုသို့ ကြေညာခြင်းဖြစ်သည်။

တောင်ကိုရီးယားအစိုးရက ရန်လိုသောအပြုအမူကို လျစ်လျူရှုခြင်းအားဖြင့် တာဝန်ဝတ္တရားကို ရှောင် လွှဲခဲ့ကြောင်း မြောက်ကိုရီးယား အာဏာရပါတီသတင်းစာ ရိုဒေါင်ရှင်မွမ်က ရေးသားခဲ့သည်။

တောင်ကိုရီးယား အာဏာပိုင်များနှင့် မည်သည့်ကိစ္စကိုမျှ မျက်နှာချင်းဆိုင် ဆွေးနွေးလိုခြင်းမရှိတော့ကြောင်း မြောက်ကိုရီးယားနိုင်ငံက ပြောကြားသည်။

မြောက်ကိုရီးယားနိုင်ငံက ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေးရုံး၊ စစ်ဘက်ဆိုင်ရာ အရေးပေါ်ဖုန်းလိုင်းများ နှင့် မြောက်ကိုရီးယား အာဏာရပါတီနှင့် တောင်ကိုရီးယား သမ္မတရုံးကြား ဆက်သွယ်မှုကို အဆုံးသတ်မည်ဟု အ ဆိုပါသတင်းက ဆိုသည်။

တောင်ကိုရီးယားနှင့် ပတ်သက်သော မူဝါဒကို လုံးဝပြောင်းလဲရန် ကင်ဂျုံအန်၏ညီမ ကင်ယိုဂျောင်နှင့် အခြား တာဝန်ရှိသူများက တောင်ကိုရီးယားနိုင်ငံဆိုင်ရာ ဌာနတာဝန်ရှိသူအား ညွှန်ကြားခဲ့ကြောင်း သိရသည်။

ယခုအစီအမံများက ပထမအဆင့်သာရှိသေးပြီး ကိုရီးယားနှစ်နိုင်ငံဆက်ဆံရေး ပြေပြစ်လာစေရန် သင့် မြတ်ရေးရပ်တည်ချက်ရှိသည့် တောင်ကိုရီးယားအစိုးရကို စိတ်အနှောင့်အယှက်ပေးရန် ကြိုးပမ်းမည်ဟု မြောက် ကိုရီးယားနိုင်ငံက ပြောသည်။

–ကိုးကား–
အင်န်အိတ်ချ်ကေ
Ref; N. Korea to sever all communication with South


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။