Trending Now

အင္းေတာ္ႀကီးေရႊမဥၨဴဗုဒၶပူဇနိယပဲြေတာ္တြင္ ရွမ္းနီစာေပႏွင့္ယဥ္ေက်းမႈ ပေဒသာကပဲြႏွင့္ ရုိးရာျပခန္းျပဳလုပ္

Spread the love

အင္းေတာ္ႀကီးေရႊမဥၨဴဗုဒၶပူဇနိယပဲြေတာ္တြင္ ရွမ္းနီစာေပႏွင့္ယဥ္ေက်းမႈ ပေဒသာကပဲြႏွင့္ ရုိးရာျပခန္းျပဳလုပ္
 

EPN
အင္းေတာ္ႀကီးမတ္၂၀
 
ကခ်င္ျပည္နယ္မုိးညႇင္းခရုိင္မုိးညႇင္းၿမိဳ႕နယ္အင္းေတာ္ႀကီးေရႊမဥၨဴေရလည္ဘုရား၁၅၀ႀကိမ္ေျမာက္ ဗုဒၶပူဇနိယပဲြေတာ္တြင္ ရွမ္းနီစာေပႏွင့္ယဥ္ေက်းမူ ပေဒသာကပဲြႏွင့္ ရုိးရာျပခန္းကုိ တေပါင္းလဆန္း(၁၁)ရက္မွ (၁၄)ရက္ေန႔ထိ ()ညတုိင္တိုင္ ျပဳလုပ္ခဲ႔သည္ဟုသိရသည္။ 
 
အဆုိပါရွမ္းနီစာေပႏွင့္ယဥ္ေက်းမူ ပေဒသာကပဲြႏွင့္ ရုိးရာျပခန္း တြင္ အင္းေတာ္ႀကီးေဒသရွိ ေက်းရြာအုပ္စု (၁၁)ခု၊ ရြာေပါင္း(၄၅)ရြာမွ လူငယ္ေမာင္မယ္မ်ားက ရွမ္းနီ႐ိုးရာအကအလွမ်ားႏွင့္အတူ စတိတ္ရႈိးက႑မ်ား ထည့္သြင္းကာ ဖ်ာ္ေျဖဧည့္ခံခဲ့ေၾကာင္း သိရသည္။
အင္းေတာ္ႀကီးဘုရား အင္းႀကီးရွိေနသ၍ ရွမ္းနီလူမ်ိဳးရုိးရာယဥ္ေက်းမႈဆုိတာအျမဲရွိေနမွာပါ၊ႏွစ္စဥ္ႏွစ္တုိင္းက်င္းပျပဳလုပ္သြားမွာပါ၊အင္းေတာ္ႀကီးေဒသမွာတိမ္ျမဳတ္ေပ်ာက္ကြယ္ေနတဲ႔ရွမ္းနီစာေပယဥ္ေက်းမႈရုိးရာဓေလ့ထုံးတမ္းအစဥ္လာအသုံးအေဆာင္ေတြကုိတစ္ႏွစ္မွာတစ္ႀကိမ္ေဖာ္ထုတ္ျပသတဲ႔ပဲြျဖစ္ျပီးေဒသမွရွမ္းနီမ်ိဳးႏြယ္မ်ား၏ေတြ႔ဆုံႏွီးေႏွာဖလွယ္ပဲြျဖစ္တယ္လုိ႔ မုိင္းေနာင္ရြာေနစာေပယဥ္ေက်းမႈေကာ္မတီဝင္ဦးသန္းစိန္မွေျပာသည္။ 

၄င္းရွမ္းနီစာေပႏွင့္ယဥ္ေက်းမူပေဒသာကပဲြႏွင့္ ရုိးရာျပခန္း က်င္းပျပဳလုပ္ခဲ႔သည္မွာယခုဆုိလွ်င္​ (၁၂)ႀကိမ္ေျမာက္ ရွိၿပီျဖစ္ေၾကာင္း သိရသည္။

ေနၾကာ
——————————————–

အင်းတော်ကြီးရွှေမဉ္ဇူဗုဒ္ဓပူဇနိယပွဲတော်တွင် ရှမ်းနီစာပေနှင့်ယဉ်ကျေးမှု ပဒေသာကပွဲနှင့် ရိုးရာပြခန်းပြုလုပ်

EPN
အင်းတော်ကြီး မတ် ၂၀

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် အင်းတော်ကြီး ရွှေမဉ္ဇူရေလည်ဘုရား ၁၅၀ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်တွင် ရှမ်းနီစာပေနှင့်ယဉ်ကျေးမူ ပဒေသာကပွဲနှင့် ရိုးရာပြခန်းကို တပေါင်းလဆန်း(၁၁)ရက်မှ (၁၄)ရက်နေ့ထိ (၄)ညတိုင်တိုင် ပြုလုပ်ခဲ့သည်ဟု သိရသည်။

အဆိုပါ ရှမ်းနီစာပေနှင့်ယဉ်ကျေးမူ ပဒေသာကပွဲနှင့် ရိုးရာပြခန်း တွင် အင်းတော်ကြီးဒေသရှိ ကျေးရွာအုပ်စု (၁၁)ခု၊ ရွာပေါင်း(၄၅)ရွာမှ လူငယ်မောင်မယ်များက ရှမ်းနီရိုးရာအကအလှများနှင့်အတူ စတိတ်ရှိုးကဏ္ဍများ ထည့်သွင်းကာ  ဖျော်ဖြေဧည့်ခံခဲ့ကြောင်း သိရသည်။

“အင်းတော်ကြီးဘုရား အင်းကြီးရှိနေသ၍ ရှမ်းနီလူမျိုးရိုးရာယဉ်ကျေးမှုဆိုတာအမြဲရှိနေမှာပါ၊ နှစ်စဉ်နှစ်တိုင်းကျင်းပပြု လုပ်သွားမှာပါ၊ အင်းတော်ကြီးဒေသမှာ တိမ်မြုတ်ပျောက် ကွယ်နေတဲ့ ရှမ်းနီစာပေယဉ်ကျေးမှု ရိုးရာဓလေ့ထုံးတမ်း အစဉ်လာ အသုံးအဆောင်တွေကို တစ်နှစ်မှာတစ်ကြိမ် ဖော်ထုတ်ပြသတဲ့ပွဲဖြစ်ပြီး ဒေသမှ ရှမ်းနီမျိုးနွယ်များ၏ တွေ့ဆုံနှီးနှောဖလှယ်ပွဲဖြစ်တယ်” လို့ မိုင်းနောင်ရွာနေ စာပေယဉ်ကျေးမှုကော်မတီဝင် ဦးသန်းစိန်မှပြောသည်။ 

၎င်းရှမ်းနီစာပေနှင့်ယဉ်ကျေးမူ ပဒေသာကပွဲနှင့် ရိုးရာပြခန်း ကျင်းပပြုလုပ်ခဲ့သည်မှာ ယခုဆိုလျှင် (၁၂)ကြိမ်မြောက် ရှိပြီဖြစ်ကြောင်း သိရသည်။

နေကြာ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။