Trending Now

တေးသံသွင်းလုပ်ငန်းလုပ်ကိုင်သူများအား တေးသံသွင်းလုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်အသစ်ပြုလုပ်ရန်အသိပေးထုတ်ပြန်

Spread the love

တေးသံသွင်းလုပ်ငန်းလုပ်ကိုင်သူများအား တေးသံသွင်းလုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်အသစ်ပြုလုပ်ရန်အသိပေးထုတ်ပြန်

EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၁၄

တေးသံသွင်းလုပ်ငန်းလုပ်ကိုင်သူများအား တေးသံသွင်းလုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်အသစ်ပြုလုပ်ရန်နှင့် သက်တမ်းတိုးလဲလှယ်ရန်ပြန်ကြားရေးဝန်ကြီးဌာနက ယနေ့ အသိပေးကြေညာထားပြီး သက်တမ်းကုန်ဆုံးပြီး လုပ်ငန်းဆက်လက်လုပ်ကိုင်ပါက တေးသံသွင်းလုပ်ငန်းလုပ်ကိုင်ခွင့် အမိန့်အရ အရေးယူခံရမည်ဖြစ်ကြောင်း ထည့်သွင်းကြေညာထားသည်။

တေးသံသွင်းလုပ်ငန်းလုပ်ကိုင်နေသူများအနေဖြင့် မှတ်ပုံတင်လက်မှတ် သက်တမ်းကုန်ဆုံးပါက သက်တမ်းကုန်ဆုံးသည့် ရက်မှစ၍ ရက်ပေါင်း (၃၀)ကြိုတင်ပြီး သတ်မှတ်ပုံစံနှင့်အတူ မှတ်ပုံတင်ကြေးကျပ် ၅၀၀၀/- (ကျပ်ငါးထောင် တိတိ) ပေးသွင်း၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းဖြစ်ပါက ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲသို့လည်းကောင်း၊ အခြားတိုင်းဒေသကြီး/ပြည်နယ် များအတွင်းဖြစ်ပါက သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများမှတစ်ဆင့် ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲသို့ လည်းကောင်းဆက်သွယ်၍ တေးသံသွင်းလုပ်ငန်းလုပ်ကိုင် ခွင့်မှတ်ပုံတင်လက်မှတ် သက်တမ်းတိုးခြင်းများကို လာရောက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

တေးသံသွင်းလုပ်ငန်း လုပ်ကိုင်ခွင့်မှတ် ပုံတင်လက်မှတ်မရှိဘဲ လုပ်ငန်းလုပ်ကိုင်ခွင့် မရှိကြောင်း၊ သက်တမ်းကုန်လွန်သော လုပ်ကိုင်ခွင့်မှတ်ပုံတင် လက်မှတ်များဖြင့် လုပ်ငန်းဆက်လက် လုပ်ကိုင်ခွင့်မရှိကြောင်း၊ သက်တမ်းကုန်ဆုံးပြီး လုပ်ငန်းဆက်လက်လုပ်ကိုင်ပါက တေးသံသွင်းလုပ်ငန်းလုပ်ကိုင်ခွင့် အမိန့်အရ အရေးယူခံရမည်ဖြစ်ကြောင်းနှင့် အသေးစိတ် အချက်အလက်များ သိရှိလိုပါက ဖုန်း-၀၁-၇၅၃၆၃၆၁ သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်း အသိပေးကြေညာထားသည်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။