Trending Now

နမ္မား‌မြို့၌ ရပ်မိရပ်ဖ တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

Spread the love

နမ္မား‌မြို့၌ ရပ်မိရပ်ဖ တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

EPN
နမ္မား၊ ဇန်နဝါရီ ၂၄

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြိုနယ် နမ္မား‌မြို့ရှိ လဘက်ရည်ဆိုင်တစ်ဆိုင်၌ ဇန်နဝါရီလ ၂၄ ရက် ယနေ့ နံနက်ပိုင်းက ရပ်မိရပ်ဖ တစ်ဦး သေနတ်ဖြင့် ပစ်ခတ် လုပ်ကြံသတ်ဖြတ်ခံရသဖြင့် သေဆုံးသွားသည်ဟု သိရသည်။

သေဆုံးသူမှာ နမ္မားမြို့၊ ရပ်ကွက် နေ အသက် ၆၅ နှစ်ခန့် အရွယ် ဦးတင်ညွှန့်ဆိုသူ ဖြစ်ပြီး ၎င်းသည် ယနေ့ နံနက်ပိုင်းက လဘက်ရည်ဆိုင် တစ်ဆိုင်တွင် ရောက်ရှိနေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

“သူက ရပ်မိရပ်ဖ တစ်ဦးပါ၊ ဘာကြောင့် အသတ်ခံရတယ်ဆိုတာတော့ မသိဘူး၊ လက်ဘက်ရည်ဆိုင်မှာ ခေါင်းကို အပစ်ခံလိုက်ရတာ” ဟု နမ္မားဒေသခံ တစ်ဦးက ပြောပြသည်။

ဦးတင်ညွှန့်သည် ၂၀၂၀ခုနှစ် အထွေထွေဘရွေးကောက်ပွဲတွင် ကချင်ပြည်နယ် အမျိုးသားလွတ်တော် မဲဆန္ဒနယ်အမှတ် (၇)၌ ရှမ်းနီ (တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ (SSP) ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဖြစ်ပြီး ယင်းမတိုင်မီ မိုးညှင်း USDP ပါတီ နှင့် လူမှုရေးအသင်းအဖွဲ့များတွင် ပါဝင် ဆောင်ရွက်ခဲ့ဖူးသူလည်းဖြစ်သည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။