Trending Now

နေပြည်တော် – ရန်ကုန် လမ်းပေါ် ယာဉ်တိုက်မှုဖြစ်၊အမျိုးသား တစ်ဦး သေဆုံး၊ တစ်ဦး ဒဏ်ရာရ

Spread the love

နေပြည်တော် – ရန်ကုန် လမ်းပေါ် ယာဉ်တိုက်မှုဖြစ်၊အမျိုးသား တစ်ဦး သေဆုံး၊ တစ်ဦး ဒဏ်ရာရ

EPN
ပဲခူးတိုင်း၊ အောက်တိုဘာ ၁၇ (၂၀၂၃)

ပဲခူးတိုင်း၊ နေပြည်တော်-ရန်ကုန်အမြန်လမ်းပေါ်၌ ယနေ့ အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းက ကားနှစ်စီး တိုက်မှုဖြစ်ပွား၍ အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သက်ဆိုင်ရာမှ သိရသည်။

ယနေ့ အောက်တိုဘာ ၁၇ ရက် နံနက် ၁ နာရီ ၃၅ မိနစ်ခန့်တွင် ပဲခူးမြို့နယ်၊ နေပြည်တော်-ရန်ကုန် အမြန် လမ်းမကြီး၊ မိုင်တိုင် အမှတ် ၂၃/၂ နှင့် ၂၃/၃ ကြားတွင် နေပြည်တော်မှ ရန်ကုန် သို့ မောင်းနှင်လာသည့် ခြောက်ဘီးကားတစ်စီးကို အနောက်မှ မောင်းနှင်လာသည့် ကားတစ်စီးမှ အရှိန်မထိန်းနိုင်ပဲ ဝင်တိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ယာဉ်တိုက်မှုကြောင့် ခြောက်ဘီးကားပေါ်တွင် လိုက်ပါ လာသည့် အမျိုးသား တစ်ဦး ဒဏ်ရာရရှိပြီး၊ ခြောက်ဘီး ယာဉ်မောင်းမှလည်း အခင်းဖြစ်သည့်နေရာ၌ သေဆုံးကြောင်းသက်ဆိုင်ရာ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“အမြန်လမ်းပေါ်မှာဖြစ်တာ ခြောက်ဘီးယာဉ်ပေါ်က အမျိုးသားနှစ်ဦး တစ်ဦးက ကားထဲမှာ ခြေထောက် ညှပ်နေတာ၊ တစ်ဦးကတော့ အခင်း ဖြစ်နေရာပဲ ဆုံးသွားတယ်။ တိုက်သွားတဲ့ကား က မောင်းပြေသွားတယ်။” ဟု ၎င်းကဆက်ပြောသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် သေဆုံးသူ အမျိုးသားနှင့် ဒဏ်ရာ ရရှိသူတို့အား လူမှုကူရေးအသင်းမှ လူနာတင်ယာဉ်နှင့် ပဲခူတိုင်း ပဲခူးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၁ ရက်မနက်ပိုင်းကလည်း ဥတ္တရသီရိ မြို့နယ်၊ အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၂၁၇/၀ နှင့် ၂၁၈ အကြား လမ်းလယ်ကျွန်းပေါ်သို့ Hijet အဖြူရောင်ကား တစ်စီးအရှိန် မထိန်းနိုင်ပဲ တိမ်းမှောက်ခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့သေးကြောင်း သိရသည်။

ထို့အပြင် နေပြည်တော် – ရန်ကုန် အမြန် လမ်းပေါ်၌ ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ယာဉ်တိုက်မှု ၁၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ၄ ဦး သေဆုံးခဲ့ကြောင်း သတင်းမှတ်တမ်းများအရ သိရသည်။

အလင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။