Trending Now

တက္ကသိုလ်ဝင်တန်း စနစ်ဟောင်း အောင်စာရင်း ဇွန်လ ၉ရက်နေ့တွင် ထုတ်ပြန်ကြေညာမည်

Spread the love

တက္ကသိုလ်ဝင်တန်း စနစ်ဟောင်း အောင်စာရင်း ဇွန်လ ၉ရက်နေ့တွင် ထုတ်ပြန်ကြေညာမည်

EPN
မြစ်ကြီးနား၊ မေ ၃၁

၂၀၂၂-၂၃ ခုနှစ် ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်တန်း စနစ်ဟောင်းဖြေဆိုထားကြသည့် အောင်စာရင်းများကို ဇွန်လ ၉ရက်နေ့ နံနက်ပိုင်းအချိန်တွင် ထုတ်ပြန်ကြေညာပေးသွားမည် ဖြစ်ကြောင်း ပြည်နယ်အခြေခံ ပညာရေးမှူးရုံးမှ သိရသည်။

တက္ကသိုလ်ဝင်တန်း စနစ်ဟောင်း အောင်စာရင်းများကို သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်အလိုက် ဇွန်လ ၉ ရက်နေ့တွင် တရားဝင် ထုတ်ပြန်ကြေညာ သွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

” တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကို သက်ဆိုင်ရာ ခရိုင်အလိုက် အောင်စာရင်းတွေကို ပေးဝေသွားမှာဖြစ်တယ်။ ပညာရေးဌာနမှ ညွှန်ကြားထားသည့် အွန်လိုင်းလင့်တွေမှာလည်း ကြည့်ရှူ့နိုင်ပါတယ် ” ဟု ၎င်းကရှင်းပြသည်။

တက္ကသိုလ်ဝင်ခွင့် စာ‌မေးပွဲအား မတ်လ ၃၁ ရက်နေ့မှစ၍ တစ်ရက်လျှင် တစ်ဘာသာနှုန်းဖြင့် တက္ကသိုလ်ဝင်စာမေးပွဲအား တစ်နိုင်ငံလုံးတွင် တစ်ပြိုင်တည်း ကျင်းပ‌ပေးခဲ့‌ကြောင်း သိရသည်။

ကချင်ပြည်နယ် အတွင်း၌ ပြီးခဲ့သည့် ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စနစ်ဟောင်း ဖြေဆိုရန် လျှောက်ထားသူ တစ်သောင်းကျော် ရှိသည့်အနက် တစ်ထောင်ကျော် လာရောက်ဖြေဆိုခြင်း မရှိကြောင်း သိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။