Trending Now

တစ်ရက်အတွင်း လာရှိုးမြို့တွင် အမည်မသိ အမျိုးသား (၃)ဦး ရုပ်အလောင်းများတွေ့ရှိ

Spread the love

တစ်ရက်အတွင်း လာရှိုးမြို့တွင် အမည်မသိ အမျိုးသား (၃)ဦး ရုပ်အလောင်းများတွေ့ရှိ

EPN
လားရှိုး၊ ဖေဖော်ဝါရီ ၂၇ (၂၀၂၄)

ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ ရပ်ကွက် (၅)တွင် ဖေဖော်ဝါရီ ၂၆ ရက်က အမည်မသိ အမျိုးသား (၃)ဦး၏ ရုပ်အလောင်းများ တွေ့ရှိခဲ့ရကြောင်း လားရှိုးလူငယ်များ လူမှုကူညီရေး အသင်းထံမှ သိရသည်။

ယနေ့ နေ့လည် ၃ နာရီခွဲကျော်ခန့်က လားရှိုးမြို့၊ ရပ်ကွက်(၅)၊ ရေကန်တောင်၊ ရှင်းလင်းဆောင်ထဲတွင် အမျိုးသားတစ်ဦး သေဆုံးနေသဖြင့် တာဝန်ရှိသူများ၏ စစ်ဆေးမှုပြီးချိန်တွင် လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ လားရှိုးလူငယ်များလူမှုကူညီရေးအသင်းမှ PR-004 ဖြင့်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

၎င်းအပြင် နေ့လည် ၁ နာရီ ၁၀ မိနစ်ကျော်တွင်လည်း ရပ်ကွက်(၅)၊ ရေကန်တောင်၊ ရေကန်အမှတ် (၁၅)၊ နတ်စင်အနောက်ဖက် တောအုပ်အတွင်းရှိ တဲပျက်ထဲတွင် ပုတ်ပွသေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိရသဖြင့် လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ PR-003 ဖြင့် လားရှိုးလူငယ်များ လူမှုကူညီရေးအသင်းက ပို့ဆောင်ပေးခဲ့ကြသည်။

အလားတူ နံနက် ၁၀ နာရီခွဲကျော်ခန့်ကလည်း ရပ်ကွက် (၅)၊ ရေကန်တောင်၊ ရေကန်အမှတ် (၁)၊ နတ်စင်အနောက်ရှိ တောအုပ်ထဲတွင် အမျိုးသားတစ်ဦးသေဆုံးနေသဖြင့် လားရှိုးလူငယ်များ လူမှုကူညီရေးအသင်းမှ လားရှိုးမြို့ပြည်သူ့ဆေးရုံကြီးသို့ PR-002 ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

သေဆုံးသူ (၃)ဦး၏ အမည်၊ အသက်၊ နေရပ်လိပ်စာတို့အား သိရှိရခြင်းမရှိသေးသဖြင့် သိရှိသူများ အနေဖြင့် ၎င်းတို့၏ မိသားစုဝင်များထံ ဆက်သွယ်အကြောင်းကြားပေးရန် လားရှိုးလူငယ်များ လူမှုကူညီရေးအသင်းက မေတ္တာရပ်ခံထားသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။