Trending Now

ဧရာဝတီတိုင်းတွင် စိုက်ပျိုးပြီး စပါးဧက ၄၀၀၀ ခန့်စပါး အပင်ဖျက်ရောဂါများ ကျရောက်နေသဖြင့် တောင်သူများဆေးဝါးများ ဝယ်ယူအသုံးပြရန် အခက်အခဲများနဲ့ကြုံနေရ

Spread the love

ဧရာဝတီတိုင်းတွင် စိုက်ပျိုးပြီး စပါးဧက ၄၀၀၀ ခန့်စပါး အပင်ဖျက်ရောဂါများ ကျရောက်နေသဖြင့် တောင်သူများဆေးဝါးများ ဝယ်ယူအသုံးပြရန် အခက်အခဲများနဲ့ကြုံနေရ

EPN
သြဂုတ် ၊ ၄

ဧရာဝတီတိုင်းအတွင်း မြို့နယ်အချို့တွင် ယခုနှစ်စိုက်ပျိုး ပြီးစပါးဧက ၄၀၀၀ ခန့်တွင် စပါးပင်ဖျက်ရောဂါများ ကျရောက်နေသဖြင့် တောင်သူများမှ ဆေးဝါးများဝယ်ယူ အသုံးပြုနိုင်ရန် ငွေကြေးမလုံလောက်မှုအခက်အခဲများ နှင့်ကြုံတွေ့နေရကြောင်း ဒေသခံတောင်သူများမှ သိရသည်။

ဧရာဝတီတိုင်းအတွင်း စပါးဂုတ်ကျိုးရောဂါနှင့် ရွက်ညို ပျောက်ရောဂါများ ကျရောက်နေသည်မှာမြောင်းမြခရိုင် တွင် ဧက ၁၀၀၀ ခန့်၊ ပုသိမ်ခရိုင်တွင် ဧက ၁၀၀၀ ခန့်၊ လပွတ္တာခရိုင်တွင် ဧက ၃၀၀ ခန့်၊ မအူပင်ခရိုင်တွင် ဧက ၁,၀၀၀ ခန့်၊ ဖျာပုံခရိုင်တွင် ဧက ၇၀၀ အထိ ကျရောက်နေကြောင်း စိုက်ပျိုးရေးကုမ္ပဏီများမှ ကောက်ယူ ထားသည့် အချက်အလက်များအရ သိရသည်။

“စပါးတွေ စတစ်စိုက်ပျိုးချိန်မှာထဲက စကျနေတာ၊ တစ်ခြားဒေသတွေကို လိုက်စုံစမ်းတော့ တစ်တိုင်းလုံးမှာရှိတဲ့ နေရာအတော်များများမှာ ဖြစ်နေတယ်လို့ တခြားတောင်သူတွေကလည်းပြောတယ်၊ ရွက်ညိုပျောက်ဖြစ်တာ၊ ဆေးဝယ်နိုင်သူကဝယ်တယ်၊မဝယ်နိုင်သူကတော့ ထိုင်ကြည့်နေရပါတယ်၊ ဝယ်သုံးရမယ့်ဆေးကလည်း ဈေးအရမ်းကြီးတာ ဒါ့ကြောင့်လွယ်လွယ်နဲ့ဝယ်မသုံးနိုင်ဘူး”ဟု လပွတ္တာမြို့နယ်မှတောင်သူတစ်ဦးကပြောသည်။

အဆိုပါ ရွက်ညိုပျောက်ရောဂါနှင့်စပါးဂုတ်ကျိုးရောဂါ များကျရောက်ခြင်းမှာ တောင်သူများအနေဖြင့်မျိုးသန့်စပါး မဝယ်ယူနိုင်ခြင်း၊ စပါးမစိုက်မီ လယ်ယာမြေစတင်ပြုပြင်ချိန်ကတည်းက လိုအပ်သည့်ပိုးသတ်ဆေးများနှင့် အပင်အားဆေးများကို ထည့်သွင်းအသုံးပြုနိုင်ခြင်းမရှိခဲ့ခြင်းကြောင့်ဖြစ်ကြောင်းသိရသည်။

”လက်ရှိစပါးအပင်တွေမှာကျရောက်နေတဲ့ရောဂါများကို ဆေးဝါးသုံးစွဲနိုင်ပါကကျော်ဖြတ်နိုင်မှာဖြစ်ပါတယ်၊ မသုံးစွဲနိုင်ရင်တော့မကျော်ဖြတ်နိုင်ပါက သီးနှံအထွက် ဆုတ်ပြီးအပင်များပုတ်ဆွေးသေဆုံးနိုင်တဲ့အထိလည်း ဖြစ်သွားနိုင်ပါတယ်၊ဒီရောဂါကတွေက မျိုးကြောင့်လည်း ဆိုင်တယ်၊အဓိကတော့မျိုးကောင်းတွေမသုံးနိုင်တဲ့ အချက်ဘဲဖြစ်ပါတယ်၊စပါးမျိုးက ခုခံအားနည်းလာတာပေါ့၊မိဘမျိုးစေ့၊ ပင်ပွား မျိုးစေ့၊မျိုးသန့်မျိုးစပါးဆိုပြီး အမျိုးမျိုး အဆင့်ဆင့်ရှိတယ် ခုခံအားနည်းတဲ့စပါးတွေကိုပဲ တောင်သူတွေက သုံးမိတာ ဝယ်မသုံးနိုင် တာကြောင့် ဖြစ်တာဖြစ် ပါတယ်။”ဟု စိုက်ပျိုးရေးပညာရှင်တစ်ဦးကပြောသည်။

ဧရာဝတီတိုင်းတွင်ပြီးခဲ့သည့် ဇူလိုင်လအတွင်းက မြောင်းမြခရိုင်၊ မအူပင်ခရိုင်နှင့် ဖျာပုံခရိုင်အတွင်းရှိ စိုက်ပျိုးပြီး စပါးခင်းဧက ၃၀၀၀ ထက်မနည်းစပါးအပင် ဖျက်ရွှေခရုများ ကျရောက်သဖြင့် ပျက်စီးခဲ့ရပြီးနောက် စပါးရွက်ညိုပျောက်ရောဂါနှင့် စပါးဂုတ်ကျိုးရောဂါများ ထပ်မံကျရောက်နေခြင်းဖြစ်ကြောင်း သိရသည်။

သူရ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။