Trending Now

ကချင်အထူးဒေသ (၁) ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ် ဥက္ကဌကြီး သီရိပျံချီ ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်းအားအမှုထားကာ မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီးတွင် ရွှေသင်္ကန်း ကပ်လှူ

Spread the love

ကချင်အထူးဒေသ (၁) ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ် ဥက္ကဌကြီး သီရိပျံချီ ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်းအားအမှုထားကာ မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီးတွင် ရွှေသင်္ကန်း ကပ်လှူ

EPN
မြစ်ကြီးနား၊ ဩဂုတ် ၁၉

ကချင်အထူးဒေသ (၁) ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ် ဥက္ကဌကြီး သီရိပျံချီ ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်းအား အမှုထားကာ မြစ်ကြီးနား၊ ဆက်ဆံရေးရုံးမိသားစုဝင်များက မန္တလေးမြို့၊ မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီးတွင် ဩဂုတ်လ ၁၈ရက်နေ့က ရွေသင်္ကန်းများကပ်လှူပူဇော်ခဲ့ကြောင်း သိရသည်။

မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီးတွင် ဩဂုတ်လ ၁၈ ရက်နေ့၊ နေ့လည် ၂ နာရီအချိန်က မြစ်ကြီးနား၊ဆက်ဆံရေးရုံးမိသားစုဝင်များဖြစ်ကြသည့် ဦးခင်မောင်ကျော်၊ ဦးယော်ယိန်း၊ ဦးတွမ်ပီချင်း၊ ဦးပြည့်ဖြိုး မိသားစုဝင်များက ကျပ် (၅) သိန်းတန်ဖိုးရှိသည့် ရွေသင်္ကန်းများကပ်လှူပူဇော်ခဲ့သည်။

ထို့အပြင် မန္တလေး မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီးရှိ ဂေါပကအဖွဲ့ဝင်များ ဝေယျာဝစ္စ အသုံးပြုရန် ကျပ်ငွေ ၃ သိန်းနှင့် လုံခြုံရေးအဖွဲ့ဝင် ၇၅ ဦးအတွက် တစ်ဦးလျှင် ကျပ် ၅ ထောင်နှုန်းအပြင် ရုံးအဖွဲ့များအတွက် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။