Trending Now

၂၀၂၂ – ၂၃ ပညာသင်နှစ် နည်းပညာတက္ကသိုလ် (မြစ်ကြီးနား) မိုးရာသီ ပါမောက္ခချုပ်ဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ကြက်တောင်နှင့် စားပွဲတင်တင်းနစ်ပြိုင်ပွဲ ကျင်းပ

Spread the love

၂၀၂၂ – ၂၃ ပညာသင်နှစ် နည်းပညာတက္ကသိုလ် (မြစ်ကြီးနား) မိုးရာသီ ပါမောက္ခချုပ်ဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ကြက်တောင်နှင့် စားပွဲတင်တင်းနစ်ပြိုင်ပွဲ ကျင်းပ

EPN
မြစ်ကြီးနား ၊ သြဂုတ်လ ၃

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ၂၀၂၂ – ၂၃ ပညာသင်နှစ် နည်းပညာတက္ကသိုလ် (မြစ်ကြီးနား) မိုးရာသီ ပါမောက္ခချုပ်ဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ကြက်တောင်နှင့် စားပွဲတင် တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ဩဂုတ်လ (၂) ရက်နေ့၊ နေ့လည် (၂) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲများအနက် ဖူဆယ် ဘောလုံးပြိုင်ပွဲ (ကျား၊မ) ကို ဩဂုတ်လ (၂) ရက်နေ့မှ (၁၄) ရက်နေ့အထိ လည်ကောင်း၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ကြက်တောင်နှင့် စားပွဲတင်တင်းနစ်ပြိုင်ပွဲများကို ဩဂုတ်လ (၅) ရက်နေ့မှ (၆) ရက်နေ့အထိ လည်းကောင်း ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

” ၂၀၂၂ – ၂၀၂၃ ပညာသင်နှစ် အတွင်းမှာလည်း သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ရဲ့ အထက်မြန်မာပြည်ဇုံ (နည်းပညာတက္ကသိုလ်များ) ဘောလုံးအသင်း၏ အသင်း ၃ (က) မှာလည်း နည်းပညာတက္ကသိုလ် (မြစ်ကြီးနား) ကနေ ကျောင်းသား (၅) ဦး ရွေးချယ်ယှဉ်ပြိုင်ခွင့် ရခဲ့ပါတယ်။ ဒါ့အပြင် ဝန်ကြီးဌာန ကိုယ်စားပြုအသင်းမှာလည်း (၃)ဦး ရွေးချယ် ယှဉ်ပြိုင်ခွင့် ရခဲ့ပါတယ်။ ဒါကြောင့် နည်းပညာတက္ကသိုလ် (မြစ်ကြီးနား) ရှိ ကျောင်းသားကျောင်းသူများအနေနဲ့လည်း အခုလို ကျောင်းတွင်းပွဲတွေကနေ နိုင်ငံကိုယ်စားပြုအထိယှဉ်ပြိုင်ကစားနိုင်အောင် ကြိုးစားကြစေလိုပါတယ် ” ဟု ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်မှ ယင်းအခမ်းအနား အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

အဆိုပါ ၂၀၂၂ – ၂၃ ပညာသင်နှစ် နည်းပညာတက္ကသိုလ် (မြစ်ကြီးနား) မိုးရာသီ ပါမောက္ခချုပ်ဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ယောကျာ်းလေးအသင်းပေါင်း (၈)သင်း၊ မိန်းကလေးအသင်းပေါင်း (၄)သင်း၊ စားပွဲတင် တင်းနစ်ပြိုင်ပွဲတွင် ကျောင်းသူကျောင်းသား စုစုပေါင်း (၇) ဦး၊ ကြက်တောင်အားကစားတွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၆) ဦးနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အသင်းပေါင်း (၃) သင်း ဝင်ရောက်ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း သိရသည်။

ယင်း နည်းပညာတက္ကသိုလ် (မြစ်ကြီးနား) မိုးရာသီ ပါမောက္ခချုပ်ဖလားပြိုင်ပွဲတွင် ကချင်ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားပစ္စည်းများကိုလည်းကောင်း၊ ကချင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းမှ သုတရသ စာပေများကိုလည်းကောင်း လှူဒါန်းပေးအပ်ခဲ့ကြကြောင်း သိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။