Trending Now

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မွန်ပြည်သစ်ပါတီ တွေ့ဆုံဆွေးနွေး

Spread the love

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မွန်ပြည်သစ်ပါတီ တွေ့ဆုံဆွေးနွေး

EPN
မြစ်ကြီးနား ၊ မေ ၂၃

နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် NCA လက်မှတ်ရေးထိုးထားသည့် မွန်ပြည်သစ်ပါတီ ကိုယ်စားလှယ် အဖွဲ့တို့ ယနေ့ မနက်ပိုင်းမှစတင်ကာ ငြိမ်းချမ်းရေးကိစ္စနှင့် ပတ်သက်၍ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့မှာ မေ ၂၂ ရက်က နေပြည်တော်ကို ရောက်ရှိခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် မေ ၂၀ ရက်နေ့ကလည်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်တဲ့အဖွဲ့တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ပြလုပ်မည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ရန်အတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် (NCA) တွင် လက်မှတ်ရေးထိုးထားသည့် အဖွဲ့(၇) ဖွဲ့ လက်မှတ်မထိုးထားသည့် အဖွဲ့ (၃) ဖွဲ့ စုစုပေါင်း (၁၀) ဖွဲ့တက်ရောက်ရန်အတွက် စာရင်းပေး ထားကြောင်း သိရသည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။